Friday, August 14, 2020

ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုကြောင့် လူပေါင်း ၁၆၀ ကျော် သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သုံးပုံတပုံလောက် ရေဘေးသင့်နေလို့ သန်းချီတဲ့ လူတွေ အိုးအိမ် စွန့်ခွာ ရွှေ့ပြောင်းကြရပြီး အချိန်တလကျော်ကြာတဲ့ ရေလွှမ်းမိုးမှုအတွင်း လူ ၁၆၁ ယောက် သေဆုံးခဲ့ တယ်လို့ ဒေသခံမီဒီယာတွေက ရေးပါတယ်။
ပဒ်မာမြစ်ရေလျှံပြီး မြစ်ကမ်းပါးတွေ ကျိုးပေါက်ခဲ့လို့ ရှိမူလီယာကူးတို့ဆိပ်နားက မြစ်ကမ်းပါးတလျှောက်မှာ သဲအိတ်တွေ ချထားရပြီး ဒေသခံတွေဟာ သူတို့ ကျွဲနွားတွေကို မြေပြင်ရှိရာဆီ ရွှေ့ထားရပြီး လှေနဲ့ သွားလာ နေရပါတယ်။
မြို့တော်ဒါကာနဲ့ ၃၄ မိုင်အကွာက ရွာမှာရှိတဲ့ ရေဘေးသင့် ဒေသခံတွေကတော့ အကူအညီတွေကို လက်ခံရရှိခဲ့ပါတယ်။
နှစ် ၂၀ကျော်အတွင်း အချိန်အကြာဆုံး ရေကြီးမှုကြောင့် စပါးခင်း ဟက်တာ ၈၀၀၀၀ လောက် ရေအောက် မြုပ်နေတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။ လက်ရှိ ကူးစက်နေဆဲ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအားထုတ်မှုတွေလည်း ရေဘေး ကြောင့် ရှုပ်ထွေး ကုန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ သြဂုတ်လ ၁၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၆၆၀၀၀ ကျော်ရှိပြီး ကူးစက်ခံ ၃၅၁၃ ယောက် သေဆုံးခဲ့ပါတယ်။
Ref ; DVB

0 comments:

Post a Comment