Thursday, August 6, 2020

မင်းတပ်မြို့နယ်ရှိ မဲရုံများအတွက် အထူးရဲ(၁၁၉)ဦးခေါ်ယူထားရှိမည်

မင်းတပ်မြို့နယ်ရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲ(၁၁၆)ဦးနဲ့ အရန်အထူးရဲ(၃)ဦး စုစုပေါင်း (၁၁၉) ဦးကို ဇူလိုင်လမှစပြီးခေါ်ယူထားကြောင်း မင်းတပ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါသည်။
အထူးရဲခေါ်ယူရာတွင် အသက်(၁၈)နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းသူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ လုပ် ငန်းအပေါ်စိတ်ပါဝင်စားသူ၊ မိမိရပ်ကွက်/ကျေးရွာတွင်နေထိုင်သူ၊ အနိမ့်ဆုံးပညာ အရည်အချင်း(၄)တန်း အောင်မြင်သူဖြစ်ရန်လိုအပ်ကြောင်းသိရပါသည်။ အထူးရဲအဖြစ်ခေါ်ယူထားသူများကို အောက်တိုဘာလ (၁) ရက်မှစပြီး တစ်လကြာ သင်တန်းပေးမည်ဖြစ်ကာ အထူးရဲတာဝန်ကို ရက်ပေါင်း(၄၀)ခန့် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သိရပါသည်။ တာဝန်ထမ်းဆောင်သည့်ကာလအတွင်း လစာ(၁ခွဲ)လစာနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ပုံမှန်ရရှိသော စရိတ်ကိုလည်း ခံစားကြရမည်ဖြစ်ပါသည်။
မင်းတပ်မြို့နယ်ရှိ မဲရုံ(၁၁၆)ရုံ၌ မဲရုံတစ်ရုံလျှင်အထူးရဲ(၁)ဦး၊ မီးသတ်တပ်ဖွဲ့မှ(၂)ဦးနှင့် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်း(၂)ဦးတို့ ကလုံခြုံရေးတာဝန်ယူကြမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါသည်။
Ref ; MRTV

0 comments:

Post a Comment