Sunday, August 23, 2020

စစ်တွေနဲ့ ဂွကနေ မော်လမြိုင်ကို ပြန်လာပြီး ကွာရန်တင်းမဝင်ခဲ့သူ နှစ်ဦးကို ယနေ့ ကွာရန်တင်းထား

စစ်တွေမြို့နဲ့ ဂွမြို့ နယ် ကနေ လမော်လမြိုင်ကို ပြန်ရောက်လာပြီး ကွာရန်တင်းမဝင်ခဲ့သူ ၂ ဦးကို ဒီကနေ့ သြဂုတ်လ ၂၃ ရက်နေ့ မှာက ကွာရန်တင်းထားလိုက်တယ်လို့ သိရပါတယ်။
" ကျွန်တော်တို့ဆီ ဖုန်းဝင်လာလို့ ကိုဗစ်ကာကွယ်ရေး အပြည့်အစုံနဲ့ သွားရော် ခေါ်ခဲ့တယ်၊ ပြီးတော့ ကွာရန်တင်းစင်တာကို ပို့ပေးခဲ့တယ်။သူတို့ရဲ့ ဒေတာအချက်အလက် အပြည့်အစုံတော့ မသိရပါဘူး "လို့ ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှ ကိုနန္ဒလင်းက ပြောပါတယ်။
အဆိုပါ အမျိုးသား နှင့် အမျိုးသမီး ကို မော်လမြိုင်(၁၀)မြို့နယ်အဆောင်သို့ ကွာရန်တင်းဝင်ဖို့ ရာမညအရေးပေါ်ကယ်ဆယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးကွန်ယက်ကနေ ပို့ဆောင်ကူညီပေးခဲ့တာဖြစ်ပါတယ်။
သူနဲ့ပတ်သက်ပြီး မော်လမြိုင် မြို့ဒေသခံတစ်ဦးက" စစ်တွေကပြန်ရောက်လာတဲ့ ပညာရေးရုံးက ဝန်ထမ်းလို့သိရတယ်။ ပြန်ရောက်နေတာ (၄)ရက်လောက်ရှိနေပေမယ့် Q မဝင်တာကို သတင်းထွက်လာလို့ တာဝန်ရှိတဲ့သူတွေက သူကို အခုမနက်မှာပဲ Q စင်တာကိုပို့လိုက်တယ်လို့ ကြားတယ် " လို့ ဆိုပါတယ်။
ပို့ဆောင်ပေးခဲ့တဲ့အထဲက အမျိုးသမီး ၁ ဦးဟာ မော်လမြိုင်မြို့ ၊ သိမ်ကုန်းရပ်ကွက်ကစစ်တွေပြန် ပညာရေး ရုံးဝန်ထမ်းအမျိုးသမီးဖြစ်ပြီး တစ်ဦးက ရခိုင်ပြည်နယ် ဂွမြို့နယ် ဂုံထိပ်မှပြန်လာသူဖြစ်တယ်လို့သိရပါတယ်။
Ref ; Duwun

0 comments:

Post a Comment