Wednesday, August 19, 2020

ဘီလာရုစ်နိုင်ငံ၏ခေါင်းဆောင်မှုအပေါ် ဖိအားပေးရန်အားထုတ်နေမှုများမှာ လက်ခံနိုင် ဖွယ်ရာမဟုတ်ကြောင်း ရုရှားသမ္မတမှပြောကြား


ရုရှားသမ္မတ putin မှ ဘီလာရုစ်နိုင်ငံ၏ ပြည်တွင်းရေးတွင်ဝင်ရောက် စွက်ဖက်နေခြင်း သို့မဟုတ် နိုင်ငံ၏ခေါင်းဆောင်မှုအပေါ်တွင် ဖိအားပေးရန် အားထုတ် နေခြင်းတို့မှာ “လက်ခံနိုင်ဖွယ်ရာ” မဟုတ်ကြောင်း ဩဂုတ်လ ၁၈ ရက်နေ့တွင် ပြင်သစ်သမ္မတ Emmanuel Macron အား ပြောကြားခဲ့ပါသည်။
ဩဂုတ်လ ၁၈ ရက်နေ့ အစောပိုင်းတွင် ဂျာမန်တရားရေးဝန်ကြီးနှင့် ဖုန်းဖြင့် အပြန်အလှန်စကားပြောဆိုရာတွင် ဘီလာရုစ်တွင် ဖြစ်ပွားနေဆဲဖြစ်သည့် ဆန္ဒပြမှုနှင့်ပတ်သက်၍ ဆွေးနွေးချိန်တွင် အလားတူမှတ်ချက်မျိုးပေးခဲ့ပါသည်။
ပြဿနာနှင့်ပတ်သက်သည့် ရုရှားမှထုတ်ပြန်သောကြေညာချက်တစ်ခုအရ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ရန် ကြိုးစားနေခြင်းသည် ပြဿနာကိုပိုမို၍ ကြပ်တည်းစေနိုင်ကြောင်း ရုရှားနိုင်ငံမှ သတိပေးပြောကြားခဲ့ပါသည်။
ဉရောပသမဂ္ဂကောင်စီဉက္ကဋ္ဌ Charles Michel သည် “မိမိသည် ဘီလာရုစ် အခြေအနေနှင့်ပတ်သက်၍ ရုရှားသမ္မတပူတင်နှင့်ဆွေးနွေးခဲ့ပြီး ပြည်ဝသောငြိမ်းချမ်း ရေးနှင့် စစ်မှန်သောဆွေးနွေးမှုတို့သည်သာလျှင် ဘီလာရုစ်၏ အရေးကိစ္စများကို ဖြေရှင်းနိုင်လိမ့်မည်” ဖြစ်ကြောင်း ဘီလာရုစ်အရေးနှင့်ပတ်သက်၍ သမ္မတ putin နှင့် ဆွေးနွေးခဲ့မှုများကို ရေးသားဖော်ပြထားပါသည်။
ဘီလာရုစ်တွင် ဩဂုတ်လ ၉ ရက်နေ့၌ ကျင်းပပြုလုပ်သောရွေးကောက်ပွဲတွင် သမ္မတ Alexander Lukashenko သည် ၆ ကြိမ်မြောက်အနိုင်ရခဲ့ခြင်း ရလဒ်ကို အတိုက်အခံများမှ အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပြီးနောက်တွင် ဆန္ဒပြမှုများဖြစ်ပေါ် လာရခြင်းဖြစ်ပါသည်။
ဩဂုတ်လ ၁၇ ရက်နေ့တွင် Lukashenko မှ Minsk ရှိ လူထုစည်းဝေးပွဲတွင် ပြန်လည်ရွေးကောက်တင်မြောက်ခြင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းအနေဖြင့် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ သမ္မတ၏အခွင့်အာဏာကို မျှဝေနိုင်ကြောင်းပြော ကြားခဲ့ပါသည်။
Source: CGTN
"Putin: Exerting pressure on Belarusian leadership would be 'unacceptable'"

0 comments:

Post a Comment