Sunday, August 16, 2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ကျေးသီးမြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင် ငွေကျပ် ၁၁.၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

သြဂုတ်လ ၁၅ ရက်နေ့ ၁၄၀၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ တူယား ကျေးရွာအုပ်စုအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်ေနစဉ် မိုင်းနောင်မြို့ဘက်မှ မိုင်းစံမြို့ဘက်သို့ မောင်းနှင် လာသော Hilux Vigo အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းမှာ လမ်းဘေးလျှို အတွင်းသို့ ထွက်ပြေးသွားသဖြင့် အဆိုပါမော်တော်ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသော ICE အလေးချိန် ၃၁၄ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၇၈၅၀၀ )နှင့် ဘိန်းဖြူဘလောက်တုံးအလေးချိန် ၁၄၆.၉၆ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၃၆၇၄၀ )၊ စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုးငွေကျပ်သိန်း ၁၁၅၂၄၀ )အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မိုင်းနောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၁၅ ရက်နေ့ ၁၄၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြစ်ကြီးနားမြို့၊ စီတာပူနောင်ရာရပ်ကွက်လမ်းတွင် ဒူဝါဇော်ရစ်လမ်းဘက်မှ မနောဥယျာဉ်ပတ်လမ်းဘက်သို့ မြစ်ကြီးနားမြို့၊ စီတာပူငွေပျော်ကောင်ရပ်ကွက်နေ အောင်ဂျာဆိုင်း ၃၂ နှစ် စီးနင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းဝတ်ဆင်ထားသောအကျႌအိတ်ကပ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ပြားနှင့် ဘိန်းဖြူအလေးချိန် ၇.၂ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၅.၇၆ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး နေအိမ်တွင်ကျန်ရှိနေသေးကြောင်းပေါ်ပေါက်ချက်အရ ၁၅၀၀ အချိန်တွင် ၎င်း၏နေအိမ်အားဆက်လက်ရှာဖွေရာ နေအိမ်မှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၁၀ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၇၇၅ ပြား(ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ် ၅၃.၂၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မြစ်ကြီးနားမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment