Monday, August 10, 2020

မန္တလေးတိုင်းဒေသကြီးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် အကောင်းဆုံး ဖြစ်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို သြဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီးက အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၅၁ နဲ့ တစ်နိုင်ငံလုံးမှာ အောင်ချက်ရာခိုင်နှုန်းအကောင်းဆုံး ပထမရရှိခဲ့ပါတယ်။
စာမေးပွဲ အောင်စာရင်းတွေကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အွန်လိုင်းက ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးက ဖြေဆိုသူ ၁၂၇၅၆၀ အနက် ၄၇၈၄၉ ဦး အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံး ပထမရခဲ့တာပါ။
အောင်ချက် အကောင်းဆုံး ဒုတိယက စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး အောင်ချက်အကောင်းဆုံး တတိယကတော့ မွန်ပြည်နယ် ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုသူ ၉၁၀၂၂၉ ဦး ရှိခဲ့ပြီး ၂၉၁၇၉၈ ဦး အောင်မြင်တဲ့အတွက် အောင်ချက်ရာခိုင်နှုန်းက ၃၁ ဒသမ ၀၆ ရှိခဲ့ပါတယ်။

0 comments:

Post a Comment