Tuesday, August 18, 2020

ဧရာဝတီမြစ်အတွင် တရားမဝင် ရွှေတူးဖော်နေသည့် စက်လှေအစီး ၂၀ ကို တစ်ရက်တည်းဖမ်းဆီးနိုင်ခဲ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် စက်လှေများဖြင့် တရားမဝင်ရွှေတူးဖော်နေသည့် စက်လှေ စုစုပေါင်း အစီး(၂၀)ကို တစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့ပြီး ထို့အပြင် တရားခံ(၆)ဦးကိုပါ ဖမ်းမိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ တရားမဝင်ရွှေတူးဖော်နေသည့် စက်လှေများကို အကျဲကျေးရွာအုပ်စု၊ ခိုင်တောင်ကျွန်းမှ (၈)စီး၊ ခေါင်ဖူးကျေးရွာအုပ်စု၊ရေကြည်ကျေးရွာ တစ်ဖက်ကမ်းရှိ ငှက်ပျော်ကျွန်းအနီးမှ (၅)စီး၊ ဟိုးကပ်ကျေးရွာအနီးမှ (၃)စီးနှင့် ခေါင်ဖူးကျေးရွာဟောင်းအနီးမှ (၄)စီး စုစုပေါင်း(၂၀)စီးကို ယမန်နေ့က ဖမ်းဆီးရမိခဲ့ပြီး တရားမဝင် ရွှေလုပ်ကိုင်သူ တရားခံခြောက်ဦးအထိ ဖမ်းဆီးနိုင်ခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
''သူတို့က ရေထဲမှာလုပ်တဲ့ အလုပ်ဆိုတော့ ကျွန်တော်တို့ရဲ့ စက်လှေကို အဝေးကနေမြင်တာနဲ့ သူတို့က ရေထဲခုန်ဆင်းတယ်။ တချို့က မြို့ကနေထွက်ပြီ ဆိုတာနဲ့ ဒီကနေဖုန်းနဲ့လှမ်းပြီးတော့ အကြောင်းကြားတယ်။ အကြောင်းကြားတဲ့ အခါကြတော့ သူတို့က စက်လှေတွေကို သယ်လို့မရအောင် ပတ်သားကြိုးတွေ ဖြတ်တယ်၊ ဆီပိုက်တွေကိုဖြတ်တယ်။ အင်ဂျင်ထဲကို သဲတွေထည့်ထားတယ် အဲလိုပေါ့၊ အမျိုးစုံစက်လှေကို သယ်လို့မရအောင် မောင်းလို့ မရအောင်လုပ်ခဲ့ပြီးမှ သူတို့က ကုန်းပေါ်မှာ ကျွန်းတွေရှိတဲ့မှာကိုင်းတောတွေထဲမှာ အခင်းတွေထဲမှာ ဝင်ပြီးတော့မှ နေလိုက်တဲ့အခါကြတော့ ကျွန်တော်တို့က ဒီစက်လှေသမားက သူပါဆိုတာမသိဘူး။ အဲ့တာကြောင့်ပိုင်ရှင်မဲ့တွေဖြစ်ရတဲ့အကြောင်းရင်းက အဲဒါတာပဲ''ဟု ရဲမှူး မြင့်မိုးက ပြောသည်။
ယင်းနေ့က ဖမ်းဆီးရမိခဲ့သည့် စက်လှေအစီး (၂၀)အနက် (၇)စီးကို သတ္တုတွင်းဥပဒေပုဒ်မ-၃၀ (က)အရ သတ္တုတွင်း ဦးစီးဌာန (ကချင်ပြည်နယ်ရုံးခွဲ)မှ လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်မြင့်သူမှ တရားလိုပြုလုပ်၍ အမှုဖွင့်ထားပြီ ဖြစ်ကြောင်းသိရကျန်ရှိနေသည့် ဖမ်းဆီးရမိစက်လှေများကိုလည်း တရားဥပဒေအရ အရေးယူဆောင်ရွက်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
သတ္တုတွင်း ဥပဒေပုဒ်မ-၃၀(က)သည် အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ်(၁၀)နှစ်သော် လည်းကောင်း ငွေဒဏ်ကျပ်သိန်း (၅၀) သော်လည်းကောင်း ကျခံနိုင်ကြောင်း ရဲမှူးမြင့်မိုးက ထည့်သွင်း ပြောဆိုသည်။ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တရားမဝင်ရွှေတူးဖော်နေသည့် စက်လှေများကို ယခုနှစ် နှစ်ဝက်အတွင်း စုစုပေါင်း (၂၃)စီး အထိဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ပြီး ယခင်နှစ် ၂၀၁၉ခုနှစ်က (၁၀)စီးအထိ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
crd-PeopleMedia #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment