Sunday, August 16, 2020

မဲစာရင်း ၂ခုလုံးတွင် ပါဝင်နေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမည်စာရင်းကို နေပြည်တော် မဲစာရင်းမှ ပယ်ဖျက်

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မဲစာရင်းမှနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမည်စာရင်းကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကျော်ငြိမ်းကပြောကြားချက်အရ သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏အမည်မှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တို့ရှိ မဲစာရင်း ၂ခုလုံးတွင် ပါဝင်နေခဲ့ခြင်း ဖြစ်သည်။
ဦးကျော်ငြိမ်းက"ကာယကံရှင် ကိုယ်တိုင် မထည့်မယ့် မဲရုံမှာ သူကိုယ်တိုင် ပုံစံ ၄ နဲ့ ပယ်ဖျက်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပယ်ဖျက်သွားတယ်ပေါ့"ဟုပြောသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဩဂုတ်လ ၁၄ရက်နေ့က နေပြည်တော်ရှိ မြို့နယ် ၅မြို့နယ်အတွင်း မဲစာရင်းများ လိုက်လံကြည့်ရှုရာတွင် ဇမ္ဗူသီရိမြို့နယ် မဲစာရင်းတွင် ၎င်း၏ အမည်စာရင်းပါဝင်နေသည်ကို တွေ့ရှိခဲ့သည်။
လူတစ်ဦးတည်းက မဲစာရင်း ၂နေရာတွင်ပါဝင်သော်လည်း ၂နေရာလုံးတွင်မဲထည့်၍ မရကြောင်း၊ ယင်းအတွက် ပြစ်မှု၊ပြစ်ဒဏ်ရှိကြောင်း၊ ထို့ကြောင့် ကြိုက်နှစ်သက်ရာမဲဆန္ဒနယ်တစ်ခုတွင်သာ မဲပေးပိုင်ခွင့်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။
ထို့အပြင် ကာယကံရှင်အနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေးအဆင့်နှင့် မြို့နယ်အဆင့်တွင် မဲစာရင်းတစ်ခုကို ပယ်ဖျက်‌ပေးရန် တောင်းဆိုဆောင်ရွက်ရမည်ဖြစ်ကြောင်း နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးမိုးဇော်ကပြောသည်။
crd-News Watch #Myanmar_Online_News
>>zawgyi<<
မဲစာရင်း ၂ခုလုံးတွင် ပါဝင်နေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမည်စာရင်းကို နေပြည်တော် မဲစာရင်းမှ ပယ်ဖျက်
Sunday, August 16, 2020
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မဲစာရင်းမှနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမည်စာရင်းကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကျော်ငြိမ်းကပြောကြားချက်အရ သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏အမည်မှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တို့ရှိ မဲစာရင်း ၂ခုလုံးတွင် ပါဝင်နေခဲ့ခြင်း ဖြစ်သည်။
ဦးကျော်ငြိမ်းက"ကာယကံရှင် ကိုယ်တိုင် မထည့်မယ့် မဲရုံမှာ သူကိုယ်တိုင် ပုံစံ ၄ နဲ့ ပယ်ဖျက်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပယ်ဖျက်သွားတယ်ပေါ့"ဟုပြောသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဩဂုတ်လ ၁၄ရက်နေ့က နေပြည်တော်ရှိ မြို့နယ် ၅မြို့နယ်အတွင်း မဲစာရင်းများ လိုက်လံကြည့်ရှုရာတွင် ဇမ္ဗူသီရိမြို့နယ် မဲစာရင်းတွင် ၎င်း၏ အမည်စာရင်းပါဝင်နေသည်ကို တွေ့ရှိခဲ့သည်။
လူတစ်ဦးတည်းက မဲစာရင်း ၂နေရာတွင်ပါဝင်သော်လည်း ၂နေရာလုံးတွင်မဲထည့်၍ မရကြောင်း၊ ယင်းအတွက် ပြစ်မှု၊ပြစ်ဒဏ်ရှိကြောင်း၊ ထို့ကြောင့် ကြိုက်နှစ်သက်ရာမဲဆန္ဒနယ်တစ်ခုတွင်သာ မဲပေးပိုင်ခွင့်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။
ထို့အပြင် ကာယကံရှင်အနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေးအဆင့်နှင့် မြို့နယ်အဆင့်တွင် မဲစာရင်းတစ်ခုကို ပယ်ဖျက်‌ပေးရန် တောင်းဆိုဆောင်ရွက်ရမည်ဖြစ်ကြောင်း နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးမိုးဇော်ကပြောသည်။
crd-News Watch #Myanmar_Online_News

0 comments:

Post a Comment