Wednesday, August 26, 2020

ရခိုင်ပြည်နယ်ကနေ ဩဂုတ်လ(၁၀)ရက်ကစပြီးပြန်လာသူတွေ သက်ဆိုင်ရာကိုသတင်းပို့ဖို့ ဝန်ကြီးဌာနနှိုး ဆော်

ကိုဗစ်ရောဂါပျံ့နှံ့နေတဲ့ ရခိုင်ပြည်နယ်ကမြို့တွေကိုသွားခဲ့သူတွေအနေနဲ့ နီးစပ်ရာကျန်းမာရေးဌာနတွေနဲ့ အုပ်ချုပ်ရေးပိုင်းကိုသတင်းပို့ဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သြဂုတ်လ(၂၅)ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
သြဂုတ်(၁၀)ရက်ကစပြီး ရခိုင်ပြည်နယ်ကို သွားလာခဲ့သူတွေအနေနဲ့သတင်းပို့ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူကြဖို့ တိုက်တွန်းထားတာပါ။ ကိုဗစ်ရောဂါကူးစက်ပျံ့နှံမှုကို အချိန်မီထိန်းချုပ်နိုင်ဖို့နဲ့ ရခိုင်ပြည်နယ်အပါအ ဝင် တခြားတိုင်းနဲ့ပြည်နယ်တွေထဲ ထပ်ပြီးကူးစက်ပျံ့နှံ့မှုမရှိစေဖို့ အခုလိုတိုက်တွန်းထားတာဖြစ်ပါတယ်။
သြဂုတ်(၁၆)ရက်ကစပြီး (၂၅)ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ နေထိုင်သူတွေနဲ့ စစ်တွေမြို့နယ်ကို သွားရောက်ခဲ့သူတွေမှာ ကိုဗစ်အတည်ပြုလူနာအယောက်(၁၁၀)အထိရှိလာခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ ရခိုင်ပြည်နယ်က စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့နယ်တို့ကို Stay At Home မြို့နယ်တွေအဖြစ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။
မြန်မာနိုင်ငံမှာတော့ ဩဂုတ်လ(၂၆)ရက်နေ့မနက်ပိုင်းအထိ ကိုဗစ်လူနာ(၅၇၄)ယောက်ရှိနေပြီး မနေ့ကဓာတ်ခွဲစစ်ဆေးခဲ့တဲ့(၁)ရက်ထဲမှာပဲ လူနာအယောက်(၁၀၀)အထိတွေ့ခဲ့တာဖြစ်ပါတယ်။
Ref ; O Media

0 comments:

Post a Comment