Friday, August 21, 2020

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ ရေကြီး မြေပြိုကျမှုများကြောင့် ၁၄ ဦးသေပြီး ၂၀ ဦး ပျောက်ဆုံးနေ

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ အစရှိသော သဘာ ဝဘေးအန္တရာယ်များနှင့် ဆက်စပ်သောဖြစ်စဉ်များကြောင့် လူ ၁၄ ဦး သေဆုံးကာ ၂၀ ဦး ပျောက်ဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ယူနန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူ ၁ ဒသမ ၁ သန်းခန့် ဘေးသင့်ခဲ့ပြီး နောက် ဒေသခံ ၃၄၉၀၀ ဦးကို နေရာပြောင်းရွှေ့ပေးခဲ့ကြောင်း ၊ သဘာဝဘေးအန္တရာယ်များကြောင့် တိုက်ရိုက် စီးပွားရေးအရ ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၄၅၃ သန်း ကျော်နှင့်ညီမျှသည့် ယွမ် ၃ ဒသမ ၁၄ ဘီလီယံအထိ ရှိလာခဲ့ကြောင်း ပြည်နယ် ရေအရင်းအမြစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိအချိန်ထိ ယူနန်ပြည်နယ်၌ ပျမ်းမျှ မိုးရွာသွန်းမှုပမာဏမှာ ၆၈၈ ဒသမ ၃ မီလီမီတာ ရောက်ရှိခဲ့ပြီး နှစ်အလိုက် ၁၂ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ပြည်နယ် ရေဘေးထိန်းချုပ်ရေးနှင့် မိုးခေါင်မှုကယ်ဆယ်ရေးဌာနချုပ်က ရေဘေးထိန်းချုပ်မှု အရေးပေါ် အခြေအနေ တုံ့ပြန်မှုကို အဆင့် ၄ မှ အဆင့် ၃ အထိ တိုးမြှင့်ခဲ့သည်။
>>zawgyi<<

0 comments:

Post a Comment