Monday, August 10, 2020

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွင် (၃)ဘာသာဂုဏ်ထူးရှင် အမြင်အာရုံမသန်စွမ်းသူ ထွန်းချွန်စွာထွက်ပေါ်လာ

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမြင်အာရုံမသန်စွမ်းသူ(၁၂)ယောက် အောင်မြင်ပြီး (၃) ဘာသာဂုဏ်ထူးရှင်တစ်ယောက်ပါဝင်ခဲ့တယ်လို့ မြန်မာနိုင်ငံမျက်မမြင်အသင်းက သိရပါတယ်။
ကြည့်မြင်တိုင်မျက်မမြင်ကျောင်းက (၃)ဘာသာဂုဏ်ထူးရှင်တစ်ယောက်အပြင် (၂)ဘာသာဂုဏ်ထူးရှင်တစ်ယောက်၊ (၁)ဘာသာဂုဏ်ထူးရှင်နှစ်‌ယောက်၊ ခဝဲခြံမျက်မမြင်ကျောင်းက (၁)ဘာသာဂုဏ်ထူးရှင်တစ်ယောက်၊ စစ်ကိုင်းမျက်မမြင်ကျောင်းက (၂)ဘာသာဂုဏ်ထူးရှင်တစ်ယောက်နဲ့ ပြင်ဦးလွင်မျက်မမြင် ကျောင်းက (၁)ဘာသာဂုဏ်ထူးရှင်တစ်ယောက် အောင်မြင်ခဲ့တာဖြစ်ပါတယ်။
အခု တက္ကသိုလ်ဝင်တန်းအောင်စာရင်းမှာ မျက်မမြင်(၁၂)ယောက်၊ ကိုယ်လက်အင်္ဂါသန်စွမ်းသူ(၄၂) ယောက်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မသန်စွမ်းကျောင်းသူ၊ ကျောင်းသား (၁၈၁)ယောက် ဝင်ရောက်ဖြေဆိုခဲ့ပြီး အကြားအာရုံမသန်စွမ်းသူ(၂၃)ယောက်၊ အမြင်အာရုံမသန်စွမ်းသူ(၃၁)ယောက်နဲ့ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ(၁၂၇)ယောက် ဖြေဆိုခဲ့ကြတာလို့ သိရပါတယ်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ အကြားအာရုံမသန်စွမ်းသူ(၁၅)ယောက်၊ အမြင်အာရုံမသန်စွမ်းသူ (၂၄)ယောက်နဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်းသူ(၁၃၂)ယောက် ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အကြားအာရုံမသန်စွမ်း ကျောင်းသား၊ ကျောင်းသူ(၃)ယောက်၊ အမြင်အာရုံမသန်စွမ်းကျောင်းသူ ကျောင်းသား(၄)ယောက်နဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်း ကျောင်းသား၊ ကျောင်းသူ(၂၆)ယောက် အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
Crd : O Media

0 comments:

Post a Comment