Friday, August 14, 2020

လိုက်ဘေးရီးယား ဒုတိယသမ္မတ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ဆေးကုသနေရ

လိုက်ဘေးရီးယားနိုင်ငံ၏ ဒုတိယသမ္မတ ဂျီဝါလ်ဟောင်းဝတ်တေလာမှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း ကနဦးတွင် ငြင်းဆိုခဲ့သော်လည်း ရောဂါကူးစက်ခံခဲ့ရကြောင်း လိုက်ဘေးရီးယားကျန်းမာရေး အာဏာပိုင်များက ဩဂုတ် ၁၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
တေလာသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် နိုင်ငံ၏မြို့တော် မွန်ရိုဗီးယားရှိ ဆေးရုံတစ်ရုံ၌ တက်ရောက်ကုသခဲ့ပြီး နောက်ထပ်ဆေးဝါးကုသမှု ဆက်လက်ခံယူရန် အတွက် ဩဂုတ် ၁၁ ရက်က အဆိုပါဆေးရုံမှ ဂါနာနိုင်ငံမြို့တော် အက္ကာမြို့ရှိဆေးရုံ တစ်ရုံသို့ လေကြောင်းဖြင့် ထွက်ခွာသွားကြောင်း ထုတ်ပြန်ချက်တွင် ထပ်မံဖော်ပြထားသည်။
လက်ရှိအချိန်၌ လိုက်ဘေးရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ ၁၂၅၂ ဦးရှိပြီး ၎င်းတို့အနက် ၈၂ ဦးသည် အဆိုပါရောဂါကြောင့် သေဆုံးခဲ့သည်။ သို့သော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် လူနာ ၇၃၈ ဦးသည် ရောဂါမှ ပြန်လည်ကျန်းမာသွားကြောင်း သိရသည်။
>>zawgyi<<
လိုက်ဘေးရီးယား ဒုတိယသမ္မတ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ဆေးကုသနေရ
Saturday, August 15, 2020
လိုက်ဘေးရီးယားနိုင်ငံ၏ ဒုတိယသမ္မတ ဂျီဝါလ်ဟောင်းဝတ်တေလာ မှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း ကနဦးတွင် ငြင်းဆိုခဲ့သော်လည်း ရောဂါကူးစက်ခံခဲ့ရကြောင်း လိုက်ဘေးရီးယားကျန်းမာရေး အာဏာပိုင်များက ဩဂုတ် ၁၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
တေလာသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် နိုင်ငံ၏မြို့တော် မွန်ရိုဗီးယားရှိ ဆေးရုံတစ်ရုံ၌ တက်ရောက်ကုသခဲ့ပြီး နောက်ထပ်ဆေးဝါးကုသမှု ဆက်လက်ခံယူရန် အတွက် ဩဂုတ် ၁၁ ရက်က အဆိုပါဆေးရုံမှ ဂါနာနိုင်ငံမြို့တော် အက္ကာမြို့ရှိဆေးရုံ တစ်ရုံသို့ လေကြောင်းဖြင့် ထွက်ခွာသွားကြောင်း ထုတ်ပြန်ချက်တွင် ထပ်မံဖော်ပြထားသည်။
လက်ရှိအချိန်၌ လိုက်ဘေးရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ ၁၂၅၂ ဦးရှိပြီး ၎င်းတို့အနက် ၈၂ ဦးသည် အဆိုပါရောဂါကြောင့် သေဆုံးခဲ့သည်။ သို့သော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် လူနာ ၇၃၈ ဦးသည် ရောဂါမှ ပြန်လည်ကျန်းမာသွားကြောင်း သိရသည်။

0 comments:

Post a Comment