Tuesday, August 11, 2020

စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စု၊တန်းတူရေး စသည့် စကားလုံးများကြွေးကြော်ပြီး ရွေးကောက်ပွဲ၌ ပြည်နယ်များသို့ပြည်မပါတီကြီးများ ဝင်ပြိုင်သည်မှာ မဖြစ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီပြောဆို

စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စု၊ တန်းတူရေးစသည့် စကားလုံးများကြွေးကြော်ပြီး ရွေးကောက်ပွဲ၌ ပြည် နယ်များသို့ပြည်မပါတီကြီးများ ဝင်ပြိုင်သည်မှာ မဖြစ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကပြောပါတယ်။
လာမည့်ရွေးကောက်ပွဲ၌ ပြည်နယ်များ၌ ပြည်မပါတီများ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်မှုနှင့်ပတ်သက်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါတယ်။
“စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတို့၊တန်းတူရေးတို့ ဒါတွေကို ကြွေးကြော်နေပြီးတော့ ဒီပြည်မပါတီကြီး တွေဟာ တိုင်းရင်းသားနယ်မြေတွေမှာ ဝင်ပြီးတော့ ဒါရွေးချယ်ခံတယ်ဆိုတာ စည်းလုံးညီညွတ်မှုတွေ ကိုဖြိုခွဲရာရောက်တယ်။ ဒါမဖြစ်သင့်ဘူး’’ဟု ၎င်းကပြောသည်။
ရခိုင်အမျိုးသားပါတီသည် ၂၀၂၀ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မဲဆန္ဒ နေရာအားလုံး ဝင်ရောက်ယှဉ် ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။ အလားတူ တိုက်ပွဲများ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအားလုံးကိုလည်း ဝင်ရောက်ယှဉ်ပြို င်သွားမှာ ဖြစ်ပါတယ်။
“စစ်ရေးပဋိပက္ခရှိတဲ့နေရာတွေမှာ ဝင်ပြိုင်တော့ စိုးရိမ်မှုမရှိဘူးလို့ပြောရင်တော့မုသားပြောရာရောက်လိမ့် မယ်။စိုးရိမ်မှုတော့ရှိတယ်။ဘာလို့လဲဆိုတော့ လူတွေဟာ ဒီလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်နေရာ ရဖို့ပါတီမှာ ငွေရေးကြေးရေး စီစစ်ရတာတို့ စသဖြင့်ကိုယ့်ဂုဏ်သိက္ခာကအစ အရင်းအနှီးတွေရှိတယ်။ မိုးမပြို ပြိုခဲ့သည်ရှိသော် စိုးရိမ်မှုရှိတယ်။ မရှိဘူးပြောရင်ညာတာပဲဖြစ်လိမ့်မယ်’’ဟု ၎င်းကပြောသည်။
အလားတူ ရခိုင်အမျိုးသားပါတီနှင့် ပြိုင်ဘက်ပါတီဖြစ်လာသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် တိုက်ပွဲများ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများကို ဝင်ရောက်ယှဉ်ပြိုင်ရန် မရှိပါ။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေ အချို့၌ ပြည်မ ပါတီများဖြစ်သည့် USDP ပါတီ၊ NLD ပါတီတို့က ဝင်ရောက်ယှဉ်ပြို င်သွားကြမည်ဖြစ်သည်။
Ref ' People Media

0 comments:

Post a Comment