Friday, August 14, 2020

ရုရှားရဲ့ ကိုဗစ်ကာကွယ်ဆေးကို ဗီယက်နမ် ဝယ်မည်

ဗီယက်နမ်ကျန်းမာရေး ဝန်ကြီးဌာနဟာ ရုရှားရဲ့ COVID-19 ကာကွယ်ဆေးကို ဝယ်ယူဖို့ မှတ်ပုံတင်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက သောကြာနေ့(သြဂုတ် ၁၄) မှာ ပြောဆိုပါတယ်။ အရှေ့တောင်အာရှနိုင်ငံ ဗီယက်နမ်ဟာ ကိုရိုနာဗိုင်းရပ်စ် ဒေသတွင်းကူးစက်မှုဖြစ်စဉ် မတွေ့တော့တာ လအတော်ကြာရှိခဲ့ပြီးနောက် ပိုးကူးစက်ဖြစ်ပွားမှု အသစ်တဖန်ဖြစ်ပေါ်လာတာကို တိုက်ဖျက်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
တစ်ချိန်တည်းမှာပဲ ဗီယက်နမ်ဟာ နိုင်ငံရဲ့ ကိုယ်ပိုင် ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်ရေးကိုလည်း ဆက်လုပ်နေမှာဖြစ်တယ်လို့ VTV သတင်းဌာနက ဖော်ပြပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်လူနာ စုစုပေါင်း ၉၁၁ ဦးနဲ့ သေဆုံးသူ ၂၁ ဦး ရှိနေပါတယ်။
ကမ္ဘာ့ ပထမဆုံး ကိုဗစ် ကာကွယ်ဆေး ပထမအသုတ်ကို လာမယ့် သီတင်းနှစ်ပတ်အတွင်း ဖြန့်ဝေသွားမှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ရုရှားက ပြောဆိုထားခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်အချို့က ရုရှားရဲ့ ကာကွယ် မြန်မြန်ဆန်ဆန် အတည်ပြုခဲ့မှုအပေါ် သင်္ကာမကင်းဖြစ်နေကြကာ လုံခြုံဘေးကင်းမှုပိုင်းအတွက် စိုးရိမ်မကင်းရှိကြောင်း ပြောဆိုကြပါတယ်။ သို့ပေမယ့် တွေးထင်ယူဆချက်တွေဟာ အခြေအမြစ်မဲ့ကြောင်းနဲ့ ဆေးဟာ လုံခြုံဘေးကင်းမှုရှိကြောင်း ရုရှားက အခိုင်အမာ ပြောဆိုထားပါတယ်။
Ref ; AKon Thi

0 comments:

Post a Comment