Monday, August 10, 2020

ဗီဇာသက်တမ်းတိုး လျှောက်ထားခြင်းကို ယခုလကုန်ထိ ဆောင်ရွက်ပေးမည်ဖြစ်

ဗီဇာသက်တမ်းတိုး လျှောက်ထားခြင်းကို ဩဂုတ်လ ၁ ရက်မှစ၍ ၃၁ ရက်အထိ တစ်လတိတိ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ဗီဇာသက်တမ်းတိုး လျှောက်ထားခြင်းကို Online ဖြင့် ပြောင်းလဲလက်ခံဆောင်ရွက် သော်လည်း မူလလျှောက်ထားမှုပုံစံနှင့် တင်ပြခြင်းကိုပါ နည်းလမ်း(၂)မျိုးဖြင့် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
"လက်ရှိမြန်မာနိုင်ငံကုမ္ပဏီများ မှတ်ပုံတင်စနစ် myCo မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေအနေနဲ့MIC ရဲ့ ခွင့်ပြုချက် ရယူခြင်း မရှိတဲ့ နိုင်ငံခြားသား ဒါရိုက်တာ ဝန်ထမ်းများ ပါဝင်တဲ့ ကုမ္ပဏီတွေဟာ သူတို့ဝန်ထမ်းများ ၊အဖွဲ့ဝင်များ၊ပိုင်ရှင်များနဲ့ မိသားစုဝင်များရဲ့ Business Visa များကို အလုပ်သမား လူဝင်မှုကြီးကြပ်းရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှာ သက်တမ်းတိုးနိုင်ရေး အတွက် အလုပ်အကိုင် လုပ်ကိုင်နေတာ မှန်ကန်ကြောင်း ထောက်ခံချက်ကို ကျွန်တော်တို့ ဌာနမှာ လာယူရတာရှိပါတယ်။ ဒီနေရာမှာ ပိုမိုလျင်မြန်လွယ်ကူအောင် အွန်လိုင်းစနစ်နဲ့ ဗီဇာလျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်"ဟု ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောသည်။
ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနတွင် ဖွဲ့စည်းမှတ်ပုံတင်ထားသည့် ကုမ္ပဏီများအနက် မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ရယူခြင်း မရှိသည့် ကုမ္ပဏီ များမှ နိုင်ငံခြားသားဒါရိုက်တာများ၊ ရှယ်ယာရှင်များ၊ ပညာရှင်များနှင့် ၎င်းတို့ မိသားစုဝင်များ၏ Business Visa အမျိုးအစား အား ဗီဇာသက်တမ်းတိုးထောက်ခံချက် ဆောင်ရွက်ပေးလျက်ရှိရာ COVID-19 ရောဂါဖြစ်ပွားနေမှုကြောင့် ကုမ္ပဏီများအနေဖြင့် ဦးစီးဌာနသို့ အမှာစာ လာရောက်တင်ပြခြင်းအား လျော့ချလိုခြင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ပိုမိုလွယ်ကူအဆင်ပြေ ချောမွေ့စေရန်အတွက် အွန်လိုင်းစနစ်ဖြင့် https://www.dica.gov. mm Company Affairs Online Visa Extension သို့ လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့ပြင် ဗီဇာထောက်ခံချက် ထုတ်ပေးသည့် ရက်စွဲ၊ စာအမှတ်နှင့် User Guide တို့ကို အဆိုပါ Link တွင် အသိပေးဖော်ပြထားမည်ဖြစ်ကာ ကုမ္ပဏီတစ်ခုလျင် Account တစ်ခုသာ အသုံးပြုနိုင်မည် ဖြစ်ပြီး ကုမ္ပဏီများ အနေဖြင့် ပူးတွဲတင်ပြရမည့် မိတ္တူများ၏ File type မှာ jpg, pdf, jpeg, gif, png, docx, doc အမျိုးအစားဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
Crd : TheFifthWave

0 comments:

Post a Comment