Wednesday, August 26, 2020

ခီရီဘာတီနိုင်ငံတွင် တရုတ်သံအမတ်ကြီးအား လူများက ကျောခင်းကာ ဖြတ်လျှောက်ခိုင်းပြီး ကြိုဆို

ကမ္ဘာပြန့်သွားသည့် ဓာတ်ပုံတစ်ပုံသည် မည်သည်ကို ကိုယ်စားပြုမှန်း နာလည်ရန် ခက်မည် ဖြစ်သည်။
ခီရီဘာတီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို မာရိကိုင်းကျွန်းတွင် ကြိုဆိုကြသည့် ဓာတ်ပုံဖြစ်သည်။ လေယာဉ်ပေါ်မှ ဆင်းလာသော တရုတ်သံအမတ်ကြီးကို လူငယ်အမျိုးသားများက အတန်းလိုက် မြေကြီးပေါ် မျက်နှာအပ် မှောက်လှဲထားပြီး ၎င်းတို့၏ ကျောပေါ်မှ ဖြတ်လျှောက်သွားစေသည့် ပုံဖြစ်သည်။
ဖေ့ဘုတ်တွင် ဝေမျှသော ဗီဒီယိုတွင် ထို လူကော်ဇော အဆုံးသို့ သံအမတ်ကြီး တန်ဆောင်းဂျန် ရောက်ခါနီးတွင် လူငယ်အမျိုးသားများက စိတ်အားထက်သန်စွာ ပြေးလာကြပြီး မြေပေါ်မှောက်လှဲကြကာ လူတန်းကို ပိုချဲ့ကာ ကျောခိုင်းတက်လျှောက်ခိုင်းသည်ကို မြင်တွေ့ရသည်။ ယင်းသို့ လုပ်ဆောင်သည်မှာ အောင်မြင်မှု အထိမ်းအမှတ်အနေဖြင့် ကြိုဆိုကြခြင်း ဖြစ်သည်ဟု ဆိုသည်။
သို့သော် ယင်း ဓာတ်ပုံနှင့် ပတ်သက်ပြီး ချက်ချင်းပင် စိတ်ဆိုးဒေါသထွက်ကာ တုံ့ပြန်ကြသည်။ ယခု လုပ်ရပ်သည် ဂုဏ်သရေပျက်ခြင်း၊ ရှက်ဖွယ်ဖြစ်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းဟု ပြောဆိုကြသည်။
ထိုသို့ မြေပေါ်မှောက်လှဲနေကြသူများတွင် ကလေးများပင် ပါဝင်နေသည်ဟု အချို့က ယူဆပြီး အခြားသူ များက ခီရီဘာတီပြည်သူတွေအားလုံးအပေါ် တရုတ်က လျှောက်နင်းသွားသည်ဟု လှောင်ပြောင်ပြောဆိုသည်။
ထိုသို့ ပြောဆိုဝေဖန်မှုများသည် တရုတ်၏ ကိုလိုနီပြုမှုအရေး ပထဝီနိုင်ငံရေး စိုးရိမ်ပူပန်မှုများနှင့် ယောက်ကျားကြီးစိုးမှု ယဉ်ကျေးမှုဘောင်အတွင်းက ဆွေးနွေးငြင်းခုံခြင်းများဖြစ်ပြီး မာရိကိုင်းကျွန်းက ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့များကို မျက်ကွယ်ပြုထားသည်။
မြေနိမ့်ပိုင်း သန္တာကျွန်း ၃၂ ခုနှင့် ကုန်းမြင့်ကျွန်း တစ်ကျွန်းပါဝင်ဖွဲ့စည်းထားသည့် ခီရီဘာတီ ကျွန်းစုနိုင်ငံတွင် လူဦးရေ ၁၁၅၀၀၀ နေထိုင်ကြသည်။ အိန္ဒိယနိုင်ငံအရွယ်အစားလောက် ရှိသော စတုရန်းကီလိုမီတာ ၃ ဒသမ ၅ သန်း ဧရိယာရှိသည့် နိုင်ငံဖြစ်သည်။
ခီရီဘာတီမှ လူငယ်ခေါင်းဆောင် Bainteiti က အငြင်းပွားနေကြသည့် ယခု ဓာတ်ပုံသည် ကမ္ဘာ့အသိုင်းအ ဝိုင်းအနေဖြင့် ထင်မြင်ချက်များမပေးခင် ယဉ်ကျေးမှုလုပ်ထုံးလုပ်ငန်းများနှင့် ကျွန်းစု၏ ဧည့်သည်ကို ကြို ဆိုသော ဓလေ့များကို နားလည်အလေးထားရန် လိုအပ်သည်ဟု ပြောသည်။
ခီရီဘာတီနိုင်ငံတစ်ခုလုံးတွင် မာရိကိုင်းကျွန်းကို အမျိုးသမီးများ၏ ကျွန်းအဖြစ် သိထားသည်။ နတ်ဘုရားမ လေးပါးကို ကျွန်းကို စောင့်ရှောက်သည်ဟု အယူဓလေ့ရှိသည်။ လာရောက်သည့် ဧည့်သည်တိုင်းကို ကျွန်းအား လက်ဝဲရစ် လှည့်လည်လိုက်ပို့ရသည့် te katabenin ဓလေ့နှင့် နတ်ဘုရားမများထံ အပ်နှင်းခြင်း ဓလေ့များ ရှိသည်။
ယခု လူများ မှောက်လှဲကာ ဖြတ်လျှောက်စေသည့် အမူအကျင့်က မင်္ဂလာပွဲများတွင် အများဆုံး ပြုလုပ်ကြသည့် te katei ni Kiribati ဆိုသည့် ဓလေ့ဖြစ်သည်။ မင်္ဂလာဆောင်များတွင် သတို့သား သို့မဟုတ် သတို့သ မီးတို့ ရောက်လာလျှင် ၎င်းတို့၏ မိတ်ဖက်များ၏ ကျောပေါ်မှ ဖြတ်လျှောက်ရသည့် ဓလေ့ဖြစ်သည်။
ယင်းသည် မိသားစုအတွက် ဂုဏ်ယူစရာ အကောင်းဆုံးဖြစ်ပြီး ထိုသို့ မလုပ်ဘဲ ငြင်းခဲ့ပါက အလွန်ကို ကြီးကြီးမားမား စော်ကားလိုက်ရာ မြောက်သည်။
တရုတ်သံအမတ်ကြီးအနေဖြင့်လည်း ယခု ဓလေ့အတိုင်း လိုက်နာကာ လူများ၏ ကျောပေါ်မှ ဖြတ်လျှောက်ခဲ့ရသည်ကို မသက်မသာ ဖြစ်ပုံရသော်လည်း ယဉ်ကျေးမှုနှင့် နိုင်ငံရေးတို့အရ ငြင်းဆန်ခဲ့ပါက မာရိကိုင်း ကျွန်းအပြင် ခီရီဘာတီနိုင်ငံမှ ပြည်သူများနှင့် ၎င်း၏ ဆက်ဆံရေး ထိခိုက်ပျက်စီးသွားနိုင်၍ ဖြစ်သည်ဟု နားလည်ရတော့သည်။
Ref ; Mizzima

0 comments:

Post a Comment