Saturday, August 15, 2020

တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၂ ယောက်ထပ်တိုးလာခဲ့

တရုတ်ပြည်မကြီးတွင် နိုင်ငံခြားမှပြန်လာသူများတွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး သြဂုတ် ၁၄ ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂ ယောက်ထပ်တိုးလာသည်ဟု ကျန်းမာရေးကော်မရှင်က ယနေ့တွင်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် ရောဂါလက္ခဏာမရှိသူအယောက် ၂၀ လည်းတိုးလာခဲ့ပြီး ၁၃ ရက်ကထက် ၈ ယောက်ကျဆင်းခဲ့သည်။ ပြည်တွင်းကူးစက်ခံရသူ ၈ ယောက်တွင်တွင် နိုင်ငံအနောက်ဘက်စွန်းမှရှင်ဂျန်းဒေသမှ ၇ ယောက်နှင့် ဂွမ်ဒေါင်းပြည်နယ်မှ ၁ ယောက်ပါဝင်သည်။
COVID-19 အတည်ပြုလူနာတစ်ယောက်တွေ့ရှိခဲ့ပြီးနောက် သောကြာနေ့က ရှန်ကျန်းမြို့ရှိစျေးဝယ်စင်တာ တစ်ခုကို အလုံပိတ်ကန့်သတ်မှုများပြုလုပ်ခဲ့သည်။
အလီဘာဘာကုမ္ပဏီကပိုင်ဆိုင်သည့်ကုန်တိုက် ဖရက်ရှစ်ပိုတွင်အလုပ်လုပ်သည့်ဝန်ထမ်း ၂ ယောက်တွင် ကူးစက်ခံထားရသည်ဟု ရှန်ကျန်းကျန်းမာရေးအာဏာပိုင်များကပြောသည်။
ရှန်ကျန်းရှိစတိုးဆိုင် ၂၁ ဆိုင်တွင် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းထားပြီး ပိုးသတ်သည့်လုပ်ငန်းများလုပ် နေသည့်အပြင် ဝန်ထမ်းများကိုလည်း ရောဂါစစ်ဆေးမှုများပြုလုပ်နေသည်ဟု ဖရက်ရှစ်ပိုက သီးခြားထုတ်ပြန်ချက်တွင်ပြောသည်။
သြဂုတ် ၁၄ ရက်အထိ တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၈၄၈၀၈ ယောက်ရှိပြီး သေဆုံးသူ ၄၆၃၄ ယောက်ရှိကြောင်း သိရသည်။

crd-PeopleMedia #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment