Tuesday, August 4, 2020

တရားလွှတ်တော်ရှေ့နေများကောင်စီဝင် ၁၁ ဦး ပြန်လည်ရွေးချယ်တင်မြှောက်

တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်ပွဲတွင် တရားလွှတ်တော်ရှေ့နေ ၁၁ ဦးကို ကောင်စီဝင်အဖြစ်ရွေးချယ်ခဲ့ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက ယနေ့ သြဂုတ် ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
သြဂုတ် ၂ ရက်တွင် ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာတရားလွှတ်တော်များကောင်စီဝင်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှင်ပြိုင်သည့် တရားလွှတ်တော်ရှေ့နေ ၁၁၀ ဦးရှိခဲ့သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ တရားလွှတ်တော်ရှေ့နေ့များက သတ်မှတ်ထားသည့် မဲရုံတည်နေရာများတွင် တရားလွှတ်တော်ရှေ့နေများကောင်စီဝင်များကို ဆန္ဒမဲထည့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယှဉ်ပြိုင်သူများထဲမှ တရားလွှတ်တော်ရှေ့နေများကောင်စီဝင်အဖြစ် ရွေးချယ်ခံရသူ များမှာ တရားလွှတ်တော်ရှေ့နေ ဦးမြသိန်း၊ ဦးနေလ၊ ဦးသိန်းသန်းဦး၊ ဦးဉာဏ်ဝင်း၊ဒေါ်ခင်နုသာ၊ ဦးကျော်ဟိုး၊ ဦးခင်မောင်သန်း၊ ဦးစိန်ဝင်းချမ်း၊ ဦးသက်ဆွေ၊ ဦးအောင်ကျော်မင်း၊ ဦးခင်မောင်ဇော်တို့ ဖြစ်သည်။
ရွေးကောက်တင်မြောက်ခံရကြောင်း ရွေးကောက် တင်မြောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၁၆ အရ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
Crd : Myanmar Times

0 comments:

Post a Comment