Sunday, August 9, 2020

မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားအနီးတွင် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၄ ဦး အား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားအနီး၊ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်ထောင်စုလမ်းမကြီးမှတစ်ဆင့် မူးယစ်ဆေးဝါးနှင့် တရားမဝင် ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး ရှာဖွေစစ်ဆေးနေစဉ် ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မူဆယ်မှကွတ်ခိုင်ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်အသစ်လေးစီးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ တရားမဝင်ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ကျား ၃ ဦးနှင့် ၎င်းတို့အား ဥပဒေမဲ့အခကြေးငွေဖြင့် ခေါ်ဆောင်လာသူ မြန်မာနိုင်ငံသားတစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ကျား ၃ ဦး၊ မြန်မာနိုင်ငံသား ၁ ဦးနှင့် ဆိုင်ကယ် ၄ စီးတို့အား ဥပဒေအရ ဆက်လက်အရေးယူရန် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးခဲ့ကြောင်း တပ်မတော်မှ သတင်းမှ သိရသည်။
>>Zawgyi<<

0 comments:

Post a Comment