Sunday, August 9, 2020

အိန္ဒိယ ကျန်းမာရေးလုပ်သား အမျိုးသမီးတွေက လစာနဲ့ ရောဂါကွယ်ပစ္စည်း ပိုမိုရရှိဖို့ သပိတ်မှောက် ဆန္ဒထုတ်ဖော်

အိန္ဒိယနိုင်ငံမှာ COVID-19 ကပ်ရောဂါဖြစ်စဉ်ကို ရှေ့တန်းကနေ ပါဝင်တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီး ကျန်းမာရေးလုပ်သား ထောင်ပေါင်းများစွာက သူတို့ရဲ့ လစာတွေတိုးပေးဖို့နဲ့ ရောဂါကာကွယ်ရေးပစ္စည်းတွေထောက်ပံ့ဖို့ သပိတ်မှောက်ခဲ့ပြီး တနင်္ဂနွေနေ့ကျရင် ဒေလီမှာ ကြီးမားတဲ့ ဆန္ဒပြပွဲလုပ်ဖို့စီစဉ်ထားကြောင်း သိရပါတယ်။
ယခုအခါ အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဦးရေ ၂ သန်းကျော်နဲ့ ကမ္ဘာ့တတိယအများဆုံး ပိုးကူးစက်နိုင်ငံ ဖြစ်နေပါတယ်။
အိန္ဒိယနိုင်ငံတစ်ဝန်းက လူမှုကျန်းမာရေးလုပ်ငန်းတွေ(ASHAs) မှာ တရားဝင်ခန့်အပ်ထားတဲ့ လုပ်သား ၁ သန်းခန့်ကို အထူးသဖြင့် ကျေးရွာတွေနဲ့ ဆင်းရဲသားရပ်ကွက်တွေရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက် သံသယရှိသူတွေကို လိုက်လံစစ်ဆေးရှာဖွေဖို့ တာဝန်ပေးအပ်ထားခဲ့ပါတယ်။
တရားဝင်အားဖြင့် ၎င်းတို့ကို စေတနာဝန်ထမ်းတွေအဖြစ် ရည်ညွှန်းထားပြီး အစိုးရက ၎င်းတို့ကို တစ်လ ရူပီး ၁၀၀၀(၁၃ ဒေါ်လာ) ပေးထားပါတယ်။
ကျန်းမာရေးလုပ်သားတွေက သောကြာ၊ စနေနေ့တို့မှာ သပိတ်မှောက်ခဲ့ကြပြီး သူတို့ကို လစာ ရူပီး ၂၁၀၀၀ အထိပေးဖို့အပြင် ပင်စင်နဲ့ ရောဂါကာကွယ်ရေးပစ္စည်းတွေ၊ ဆေးစစ်မှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ လကတည်းက ဆန္ဒပြမှုတွေကို စတင်စီစဉ်ခဲ့ကြတဲ့ အမျိုးသမီးတွေက သူတို့တွေအနေနဲ့ အချို့ကျေးရွာတွေမှာ တိုက်ခိုက်ခံရမှုတွေ၊ အနှောင့်အယှက်ပေးမှုတွေ ကြုံခဲ့ရတယ်လို့ ပြောဆိုခဲ့ကြပါတယ်။
crd-အကုန်သိ #Myanmar_Online_News
>>Zawgyi<<

crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment