Sunday, August 23, 2020

နိုင်ငံရေးအစွဲများနှင့် ဘာလုပ်လုပ် ကန့်ကွက်နေခြင်းက တိုင်းပြည်အတွက်အနုတ်လက္ခဏာဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

ယခင်က နိုင်ငံရေးအစွဲများနှင့် ဘာလုပ်လုပ် ကန့်ကွက်နေခြင်းကတိုင်းပြည်အတွက် အနုတ်လက္ခဏာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့(သြဂုတ် ၂၃ရက်)မွန်းလွဲ ၂နာရီက နေပြည်တော်၊ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်ခဲ့သည့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများရှိ မြို့နယ်၊ တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းပြည်တိုးတက်စေရန်လျှပ်စစ်မရှိပါက မည်သည့်ကိစ္စမှလုပ်ဆောင်၍ မရကြောင်း၊မြန်မာနိုင်ငံတွင် လျှပ် စစ်ထုတ်လုပ်နိုင်သောနေရာများအများအပြားရှိသော်လည်း ထုတ်နိုင်သည့်နေရာများတွင် အကြောင်းအမျိုးမျိုးကြောင့်ကန့်ကွက်ခံရခြင်းများရှိနေ၍ အခက်အခဲများရှိကြောင်း၎င်းကပြောသည်။
"လျှပ်စစ်မရှိဘဲ ဘာမှလုပ်လို့မရဘူး။ ဘယ်လောက်ပဲစက်မှုနိုင်ငံထူထောင်နိုင်ပါစေ။ လျှပ်စစ်မရှိရင်ဘာမှလုပ်လို့မရပါဘူး။ အစိုးရကစက်မှုစီမံကိန်းတွေလုပ်တာရှိတယ်။ စက်မှုစီမံကိန်းတွေလုပ်နေတာကဟုတ်ပြီ။ လျှပ်စစ်ဘယ်ကနေရမလဲ။ လျှပ်စစ်မရှိရင်နည်းနည်းခက်မယ်။ လျှပ်စစ်ထုတ်လို့ရတဲ့လမ်းကြောင်းတွေလည်းအများကြီးရှိတယ်။ ရေအားလျှပ်စစ်တွေရှိတယ်။ ကျောက်မီးသွေးနဲ့ထုတ်လို့ရတာတွေရှိတယ်။ Solarတွေရှိတယ်။ Solarကတော့အရင်းနှီးများတာပေါ့။ ထုတ်လို့ရတဲ့နေရာကျတော့လည်း အကြောင်းအမျိုးမျိုးနဲ့ကန့်ကွက်ခံရတဲ့အတွက်ကြောင့် လျှပ်စစ်တွေမထုတ်နိုင်ဘူး။ ဒီအတွက်လည်းတော်တော်ကို အခက်အခဲရှိပါတယ်''ဟု၎င်းကဆိုသည်။
အဆိုပါကိစ္စများမဖြေရှင်းနိုင်သည့် ကာလပတ်လုံး တိုင်းပြည်အတွက် အကြပ်အတည်းများနှင့်သာရှိနိုင်သည်ကို မျှော်မှန်းထားရန်လိုကြောင်းနှင့် လူထုကိုလည်းနားလည်အောင်ပြောပေးရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
Ref ; The Standard Time Daily

0 comments:

Post a Comment