Tuesday, August 11, 2020

ရွှေတိဂုံစေတီတေ ာ်ဖူးမြော်ခွင့်ပိတ်ထားချိန် အောင်ဆန်းရုပ်ရှင်ရိုက်ကူးမှုအပေါ် ဝေဖန်

အများပြည်သူဖူးမြော်ခွင့်ပိတ်ထားသည့် ရွှေတိဂုံစေတီတော်တွင် ဩဂုတ် ၅ ရက်က အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေး ပြုလုပ်သည့်အပေါ် လူမှုကွန်ရက်၌ ဝေဖန်မှုများရှိခဲ့သည်။
ရွှေတိဂုံတွင် နှစ်နာရီခန့် ကြာရိုက်ကူးရေးပြုလုပ်သည့်အပေါ် အစိုးရက ထုတ်ပြန်ထားသည့် လူ ၁၅ ဦးထက်မပိုရဟူသည့် ကြေညာချက်ကို လိုက်နာခြင်း မရှိကြောင်းနှင့် အများပြည်သူကို ဘုရားဖူးခွင့် ပိတ်ထားသည့်အချိန်၌ ရိုက်ကူးခွင့်ရရှိသည့်အပေါ် ဝေဖန်ခြင်းဖြစ်သည်။
‘‘ဗိုလ်ချုပ်ရုပ်ရှင်က အများပြည်သူမျှော်လင့်နေတဲ့အတိုင်း အချိန်မီပြီးစီးဖို့လိုတယ်။ သူတို့ကလည်း အခြေအနေအချိန်အခါပေးတဲ့ အချိန်မှာ လာရိုက်တာ။ ဒါကိုသွားပြီးတော့ ၁၅ ယောက် ထက်မစုဝေးရ၊ ဘုရားလာဖူးတယ်ဆိုပြီးသက်သက်အထင်မမှားစေချင်ဘူး။ သူတို့တွေက နိုင်ငံတော်ကိုယ်စား တာဝန်ထမ်း ဆောင်တယ်လို့ မြင်ပေးဖို့လိုအပ်ပါတယ်’’ ဟု ရွှေတိဂုံဘုရားဂေါပက ဦးအေးထွန်းက ဝေဖန်မှုများ နှင့်ပတ်သက်၍ ပြောသည်။
ထို့အပြင် အောင်ဆန်းရုပ် ရှင်သည် နိုင်ငံတော်အဆင့်ရိုက် ကူးရေးဖြစ်သောကြောင့် အခြား သူများကို ဘုရားပေါ်တက်ခွင့်မပြု ခြင်းနှင့် နှိုင်းယှဉ်၍မရကြောင်းမူလကတည်းက လာရိုက်မည်ဟု စီစဉ်ထားပြီး Covid-19 ကြောင့်နောက်ဆုတ်ခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။
ရိုက်ကူးရေးအတွက် လာရောက်သည့်အချိန်တွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကသတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း Mask တပ်ခြင်း၊ အပူချိန်စစ်ဆေး ခြင်း၊ လက်ဆေးခြင်းစသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်ပြီးမှသာ ဘုရားပေါ်သို့ တက်ခွင့်ပြုခြင်းဖြစ် သည်ဟု ဦးအေးထွန်းကပြောသည်။
ယင်းဇာတ်ဝင်ခန်းရိုက်ကူးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ရွှေတိဂုံစေတီတော် ပိတ်ရက်အတွင်း ရိုက်ကူးခွင့်ရရန် သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်ထံ ညှိနှိုင်း၍ ခွင့်ပြုချက်ရယူ ခဲ့ကြောင်း အောင်ဆန်းရုပ်ရှင်၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထား သည်။
ယင်းရုပ်ရှင်ကို ဒါရိုက်တာ အဖြစ်ရိုက်ကူးသည့် လူမင်းထံ ဝေဖန်မှုများနှင့်ပတ်သက်၍ မေး မြန်းရာ ဖုန်းနှင့် မဖြေဆိုကြောင်းနှင့် ယင်းကိစ္စနှင့်ပတ်သက်၍ အောင်ဆန်းရုပ်ရှင်၌ ထုတ်ပြန် ထားသည့်အတိုင်းသာဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
အောင်ဆန်းရုပ်ရှင်ကို ကိုဗစ်ကာလအတွင်း ရိုက်ကူးရေး ရပ်နားခဲ့ပြီး ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပြန်လည်ရိုက်ကူးခွင့်ဖြင့် ရိုက်ကူး ခြင်းဖြစ်ကြောင်း ယင်းရုပ်ရှင်၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။
Ref ; 7Day

0 comments:

Post a Comment