Wednesday, August 5, 2020

သံဖြူဇရပ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် နေအိမ်အချို့ ရေဝင်ရောက်မှု ဖြစ်ပွား

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဩဂုတ်(၄)ရက် ညနေ(၆)နာရီအချိန်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ည(၇)နာရီခွဲအချိန်ခန့်မှ စတင်ကာ စက်သစ်ရပ်ကွက်၊ သီရိရတနာလမ်းနှင့် သီတာလမ်းရှိ နေအိမ်(၂၀)ခန့်မှာ အိမ်အတွင်းသို့ တစ်ပေခန့်ရေဝင်ရောက်ခြင်း၊ ည၈နာရီခွဲတွင် ကျောင်းပိုင်းရပ်ကွက် ပိတောက်မြိုင်လမ်း၊ ဖွားအုန်းစိန်လမ်း၊ ခိုင်သစ္စာလမ်းရှိနေအိမ်အချို့တွင် အိမ်အတွင်းသို့ ရေ(၄)ပေခန့် ဝင်ရောက်ခြင်းတို့ကြောင့် ကျောင်းပိုင်းရပ်ကွက်မှ အိမ်ထောင်စု(၂၅)စု လူဦးရေ(၁၁၀)ဦးတို့ကို ရပ်ကွက် မူလတန်းလွန်ကျောင်းသို့ ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ည(၁၀)နာရီခန့်တွင် အောင်ဇေယျရပ်ကွက်ရှိ ခြောက်လမ်းဆုံနှင့် အောင်ဇေယျ တိုးချဲ့ရပ်ကွက်အ တွင်း၌ လမ်းပေါ်သို့ ရေ(၃)ပေခန့်ကျော်ပြီး နေအိမ်အချို့နှင့် အိမ်ဆိုင်အချို့တွင် ရေဝင်ရောက်ခြင်း၊ မြန်မာ့စီးပွားရေးဘဏ် အရှေ့ဘက်နှင့် လမ်းဦးစီးဌာန အရှေ့ဘက်ရှိ လမ်းမပေါ်သို့ ရေတစ်ပေခန့် ကျော်တက်သဖြင့် နေအိမ်အချို့ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းသဖြင့် တောင်ကျရေအရှိန်ကြောင့် ည (၇)နာရီခွဲတွင် သံဖြူဇရပ်-မော်လမြိုင်ကားလမ်း၊ သံဖြူဇရပ်မြို့ ဖောင်စိန်တံတားတွင် တစ်ပေခွဲခန့် ရေကျော်သဖြင့် ယာဉ်သွားလာမှု ခေတ္တရပ်ဆိုင်းခဲ့ရပြီး၊ ပြည်သူနှင့်ယာဉ်များ အန္တရာယ် မရှိစေရေးအတွက် မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများ၊ တပ်မတော်သားများက ကူညီဆောင်ရွက်ပေးကြောင်း သိရှိရပါသည်။
Ref ; MRTV

0 comments:

Post a Comment