Monday, August 17, 2020

တရားမျှတမှုမရှိသော အမေရိကန်နိုင်ငံ၏ အခွန်ကောက်ခံမှုများအား ဖယ်ရှားမည် ဖြစ်ကြောင်း ဗြိတိန်ကုန်သွယ်ရေးဝန်ကြီးမှ ပြောကြား

ဗြိတိန်နိုင်ငံတကာ ကုန်သွယ်ရေးဝန်ကြီး Liz Truss မှ Scothch whisky အပေါ် အမေရိကန်နိုင်ငံ၏ အခွန် ကောက်ခံမှုနှုန်းထားများသည် လက်ခံနိုင်စရာမရှိကြောင်း၊ တရားမျှတမှုမရှိကြောင်းနှင့် ၎င်းတို့အား ဖယ်ရှားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်ဟု Sunday Telegraph သတင်းစာ၏ ဖော်ပြချက်အရ သိရှိရပါသည်။
ဥရောပသမဂ္ဂသည် ဗြိတိန်နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်ပေးရန် ပျက်ကွက်နေသည်ဆိုသော စွပ်စွဲမှုများရှိနေစဉ်အတွင်း အဆိုပါ တရားမျှတမှုမရှိသော အခွန်ကောက်ခံမှုများအား ဖယ်ရှားမည်ဖြစ်ကြောင်း Liz Truss မှ ရေးသားခဲ့ပါသည်။
အမေရိကန်အစိုးရအနေဖြင့် အချို့သော အခွန်အကောက်များ ထပ်မံကောက်ခံ ခြင်းကို ရပ်ဆိုင်းထားသော်လည်း ကာလကြာရှည်ဖြစ်ပေါ်လျက်ရှိသော ကုန်သွယ်ရေး အငြင်းပွားမှု၏ တစ်စိတ်တစ်ဒေသအဖြစ် Airbus လေယာဉ်များအပေါ် အကောက်ခွန် ၁၅ ရာခိုင်နှုန်းနှင့် အခြားသော ဥရောပကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်း ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း လွန်ခဲ့သော ရက်သတ္တပတ်က ပြောကြား ခဲ့ပါသည်။
ဗြိတိန်နိုင်ငံအနေဖြင့် malt Scotch whisky ကဲ့သို့သော ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံမှုများ လျှော့ ချပေးရန် အမေရိကန်နိုင်ငံအား တောင်းဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဗြိတိန်နိုင်ငံတကာ ကုန် သွယ်ရေးဝန်ကြီး Liz Truss မှ Scotch whisky အပေါ် အမေရိကန်၏ အခွန်ကောက်ခံမှုများသည် လက်ခံနိုင်စရာမရှိကြောင်းနှင့် မျှတမှုမရှိ ကြောင်း၊ Whisky ထုတ်လုပ်မှုသည် မိမိတို့၏ အကြီးမားဆုံးစက်မှုလုပ် ငန်းများထဲမှ တစ်ခုဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါသည်။
Liz Truss မှ လာမည့်ရက်သတ္တပတ်များအတွင်း အမေရိကန် ကုန်သွယ်ရေး ဝန်ကြီး Robert Lighthizer နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံတို့အကြား သဘောတူညီချက်ထက် ကျော်လွန်သွား စေမည့် သဘောတူညီချက်၏ အဓိကအချက်များနှင့်ပတ်သက်၍ ဂျပန်နိုင်ငံတွင် မိမိတို့ သဘောတူညီမှု ရရှိထားကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ဩဂုတ်လကုန်တွင် ကုန်သွယ်ရေး သဘောတူညီချက်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း Liz Truss မှ ထပ်မံ ပြောကြား ခဲ့ပါသည်။
ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံ၏ အပြောင်းအလဲမရှိသော အသွင်ကူးပြောင်းမှု အစီအစဉ် ကုန်ဆုံးတော့မည့်အချိန်တွင် ဇန်နဝါရီလက ဥရောပသမဂ္ဂမှ နုတ်ထွက်ခဲ့ သော ဗြိတိန်နိုင်ငံသည် ယခုနှစ်အကုန်တွင် ၂၀၁၉ ခုနှစ် ဥရောပသမဂ္ဂ-ဂျပန် သဘော တူညီချက်ကို အခြေပြု၍ ဂျပန်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် ကြိုးပမ်း လျက်ရှိပါသည်။
Source - CGTN #Myanmar_Online_News

0 comments:

Post a Comment