Saturday, August 15, 2020

လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်ရင်ချင်းဆက်အမွှာ ပေါက်ဖွားခဲ့ပြီး ၂ ကောင်စလုံး အသက်ရှင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ပုဂံမြို့သစ်ရှိ လောကနန္ဒာဘေးမဲ့တောဥယျာဉ် တွင် ဒုတိယအကြိမ် အဖြစ် ကြယ်လိပ်ရင်ချင်းဆက်အမွှာပေါက်ဖွားခဲ့ကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ပြောသည်။
ကြယ်လိပ်ဥ ၃၂၀၅ လုံးအနက်မှ သဘာဝအတိုင်းထွက်လာခြင်းမရှိသောဥများကို တူးဖော်ကာ ရရှိ သောဥ ကောင်းဥသန့်များကိုမြေကြီးထည့်ထားသည့်သေတ္တာအတွင်း ပြန်မြှပ်ပြီး ဥများကိုနေ့စဉ်ပုံမှန်စစ်ဆေးခဲ့ရာ ၎င်းတို့ထဲမှဥတစ်လုံး တွင် သန္ဓေသားအောင်ပြီး ဥခွံကို ခွဲ၍ ဖောက်ထွက်နေသော ကြယ်လိပ်အမွှာ ပူးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောခွံအလျား ၄ စင်တီမီတာခန့်နှင့်အ လေးချိန် ၂၀ ဂရမ်ခန့်စီရှိသည့် ကြယ်လိပ်အမွာကို လော ကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူးမှ ခွဲစိတ်ခြင်းမပြုလုပ်ဘဲ ချက် ကိုဆေးထည့်၍ ကျက်စေ သောနည်းဖြင့် စနစ်တကျပြုစု စောင့်ရှောက်ခဲ့ရာ သုံးရက်အကြာတွင်ရင်ခြင်း ဆက် ကြယ်လိပ်အမွှာကို အသက်သေဆုံးခြင်းမရှိစေပဲ သီးခြားစီဖြစ်သွားအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment