Tuesday, August 18, 2020

ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်း လေးရက်အကြာတွင် အိန္ဒိယပြည်ထဲရေးဝန်ကြီး ဆေးရုံပြန်တက်ရ

ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်သက်သာလာခဲ့သည်ဟုဆိုသော အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အေမက်ရှား အား ဆေးရုံမှဆင်းပြီး လေးရက်အကြာတွင် မောပန်းနွမ်းနယ်မှုနှင့် ခန္ဓာကိုယ်ကိုက်ခဲမှုကြောင့် ယမန်နေ့ က နောက် တစ်ကြိမ် ဆေးရုံတင်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ အနီးကပ်လက်ထောက်တစ်ဦးဖြစ်သလို အစိုးရအဖွဲ့တွင် နံပါတ် ၂ အဆင့် ရှိသော အေမက်ရှားအား နယူးဒေလီမြို့တော်ရှိ အစိုးရပိုင် AIIMS ဆေးရုံသို့တင်ခဲ့ကြောင်း အဆိုပါဆေးရုံက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံက အမေရိကန်နှင့် ဘရာဇီးနိုင်ငံပြီးလျင် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိ ယအမြင့်ဆုံးတိုင်းပြည်ဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်နောက်ပိုင်း နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်မှုမှာ ၅၀၀၀၀ နီးပါး ရှိသည်။
အိန္ဒိယနိုင်ငံ၌ ယနေ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၅၅၀၇၉ မှုရှိရာ ကူးစက်မှု စုစုပေါင်း ၂ ဒသမ ၇ သန်း အထိ ရှိလာခဲ့ပြီး သေဆုံးသူ ၈၇၆ ဦး တိုးလာခဲ့ရာ သေဆုံးသူ စုစုပေါင်း ၅၁၇၉၇ ဦးအထိ ရှိလာခဲ့သည်။ အစိုးရ၏ အချက်အလက်များအရ အိန္ဒိယနိုင်ငံတစ်ဝန်း ပိုးရှိလူနာ ၆၇၃၁၆၆ ဦး၊ ပိုးကင်းစင်ပြီး ဆေးရုံ မှဆင်းခွင့်ပြုခဲ့သူ ၁၉၇၇၇၇၉ ဦးရှိကြောင်း သိရသည်။
>>zawgyi<<
ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်း လေးရက်အကြာတွင် အိန္ဒိယပြည်ထဲရေးဝန်ကြီး ဆေးရုံပြန်တက်ရ
Wednesday, August 19, 2020
ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်သက်သာလာခဲ့သည်ဟုဆိုသော အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အေမက်ရှား အား ဆေးရုံမှဆင်းပြီး လေးရက်အကြာတွင် မောပန်းနွမ်းနယ်မှုနှင့် ခန္ဓာကိုယ်ကိုက်ခဲမှုကြောင့် ယမန်နေ့ က နောက် တစ်ကြိမ် ဆေးရုံတင်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ အနီးကပ်လက်ထောက်တစ်ဦးဖြစ်သလို အစိုးရအဖွဲ့တွင် နံပါတ် ၂ အဆင့် ရှိသော အေမက်ရှားအား နယူးဒေလီမြို့တော်ရှိ အစိုးရပိုင် AIIMS ဆေးရုံသို့တင်ခဲ့ကြောင်း အဆိုပါဆေးရုံက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံက အမေရိကန်နှင့် ဘရာဇီးနိုင်ငံပြီးလျင် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိ ယအမြင့်ဆုံးတိုင်းပြည်ဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်နောက်ပိုင်း နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်မှုမှာ ၅၀၀၀၀ နီးပါး ရှိသည်။
အိန္ဒိယနိုင်ငံ၌ ယနေ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၅၅၀၇၉ မှုရှိရာ ကူးစက်မှု စုစုပေါင်း ၂ ဒသမ ၇ သန်း အထိ ရှိလာခဲ့ပြီး သေဆုံးသူ ၈၇၆ ဦး တိုးလာခဲ့ရာ သေဆုံးသူ စုစုပေါင်း ၅၁၇၉၇ ဦးအထိ ရှိလာခဲ့သည်။ အစိုးရ၏ အချက်အလက်များအရ အိန္ဒိယနိုင်ငံတစ်ဝန်း ပိုးရှိလူနာ ၆၇၃၁၆၆ ဦး၊ ပိုးကင်းစင်ပြီး ဆေးရုံ မှဆင်းခွင့်ပြုခဲ့သူ ၁၉၇၇၇၇၉ ဦးရှိကြောင်း သိရသည်။

0 comments:

Post a Comment