
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ် တွင် ကားတစ်စီးပေါ်တင်ဆောင်လာသော ဆီပေပါအတွင်းမှ ကျောက်စိမ်းအရိုင်းတုံးများကို သြဂုတ်လ ၂၆ရက်နေ့က ဖမ်း ဆီးရမိခဲ့ကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ သိရသည်။
အဆိုပါ ဂိတ်တွင် ယာဉ်များကို စစ်ဆေးရှာဖွေနေစဉ် ဖားကန့်ဘက်မှ ကားမိုင်းဘက်သို့မောင်းလာသောယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ဆီပေပါအခွံ(၆၀)လုံးကို တင်ဆောင်လာသည်ကို တွေ့ရှိပြီး ၎င်းပေပါခွံများ အနက်မှ ပေပါ(၁၂)လုံးကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် သက်သေများနှင့်အတူယာဉ်အား လုံးခင်းနယ်မြေရဲစခန်းသို့ မောင်းနှင်စေပြီး သက်သေများရှေ့ ဖွင့်ဖောက်စစ်ဆေးရာ ဆီပေပါအခွံ(၆၀)လုံးအ နက်မှ ထိပ်ဝဖွင့်ထားသော ပေပါ(၂၀)လုံးတွင် ပီနန်အိတ်များဖြင့်ထည့်လျှက် ကျောက်စိမ်းဟု ယူဆရသည် ကျောက်စိမ်းအရိုင်းတုံးအရွယ်အစားဆိုဒ်စုံ ၉၈ အိတ်နှင့် အလေးချိန် (၄၃၇၀) ကီလိုခန့်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်စိမ်း အရိုင်းတုံးများကို သယ်ဆောင်လာသူ သုံးဦး ကို လုံးခင်းနယ်မြေရဲစခန်းမှ ကျောက်မျက်ဥပဒေပုဒ်မ ၅၁/(က)၅၄ ဖြင့် အမူဖွင့်အရေးယူထား ကြောင်းသိရသည်။


Source - EPN / ကေသီ၊ နောနော်
0 comments:
Post a Comment