Wednesday, August 5, 2020

ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့နယ်တွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သိန်းနီမြို့၊ ရပ်ကွက် ၄ ရှိ သူရ(ခ)မော်စင်ချဲ၏ နေအိမ်အား သတင်းအရဝင် ရောက်ရှာဖွေစစ်ဆေးရာ ၎င်း၏ ဇနီးဖြစ်သူ မာကော့(ခ)လီကျွင်း(ခ)ဝါဝါဝင်းထံမှ လက်နက်ငယ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၇ တောင့်၊ ICE ၂ ကီလိုဂရမ်ခန့်နှင့် ဘိန်းစိမ်း ၁ ဒသမ ၆ ကီလိုဂရမ် ခန့်(ခန့်မှန်းတန်ဖိုး ကျန်သိန်း ၄၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သူရ(ခ)မော်စင်ချဲမှာ တိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ လက်နက်၊ ခဲယမ်း၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment