Friday, August 21, 2020

ဟောင်ကောင်အနေဖြင့် အမေရိကန်နိုင်ငံနှင့် တရားဝင်ပူးပေါင်းဆောင်ရွက်မှုအချို့ကို ရပ်ဆိုင်းလိမ့်မည်ဟု တရုတ်နိုင်ငံမှ ပြောကြား

ဟောင်ကောင်သည် အမေရိကန်နှင့် နှစ်နိုင်ငံအပြန်အလှန်အထောက်အကူ ပြုစေမည့် သဘောတူညီမှုများကို ရပ်ဆိုင်းလိမ့်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးမှ ပြီးခဲ့သော ကြာသပတေးနေ့က ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံမှ သတ်မှတ်ထားသည့် နိုင်ငံတော်လုံခြုံရေးဥပဒေကို ထိခိုက်စေသည့် အတွက် အမေရိကန်နိုင်ငံသည် တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့ ပြုလုပ်မည့် နှစ်ဦးသဘောတူညီချက် ၃ ခုကို ဖျက်သိမ်းကြောင်း ဟောင်ကောင်အား အကြောင်းကြား ခဲ့သည်။
“တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံအား ၎င်း၏အမှားကို ချက်ချင်းပြင်ဆင်သင့် ကြောင်း” တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် Zhao Lijian မှ တရားဝင်အထောက်အကူပြုရေးဆိုင်ရာ သဘောတူညီမှုများကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့သည့် ပြီးခဲ့သော ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။
အဆိုပါသဘောတူညီချက်သည် ဗြိတိန်နိုင်ငံမှ ဟောင်ကောင်ကို တရုတ်နိုင်ငံထံ ပြန်လည်မပေးအပ်မီ ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေထိုးခဲ့ပြီး ၎င်းသဘောတူညီချက်တွင် အမေရိကန်နှင့်ဟောင်ကောင်အစိုးရသည် ထိန်းသိမ်းစောင့်ရှောက်ခံထားရသူများအား ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း၊ ရာဇဝတ်မှုကျူးလွန်သူများကို ဖမ်းဆီးပေးခြင်း အစရှိသည့် ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်များတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကူညီရန်သတ်မှတ်ပြဋ္ဌာန်း ခဲ့ပါသည်။
အစောပိုင်းကာလတွင် ပြုလုပ်ခဲ့သော သဘောတူညီမှု ၃ ခု ဖြစ်သည့် “ ထွက်ပြေး တိမ်းရှောင်နေသော ဥပဒေချိုးဖောက်သူများကို အပ်နှံရန်၊ ပြစ်ဒဏ်ချမှတ်ခံရသောသူများကို လွှဲပြောင်းပေးရန်နှင့် နိုင်ငံတကာသင်္ဘောများမှရရှိသော ဝင်ငွေများအပေါ် အပြန်အလှန် အခွန်ကင်းလွတ်ခွင့်ပေးရန်” စသည်တို့ကို ရပ်ဆိုင်းခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။
တရုတ် နိုင်ငံအား ပြစ်ဒဏ်ပေးရန်အတွက် အမေရိကန်နိုင်ငံ၏ ဥပဒေအောက်တွင် တည်ရှိနေသော ဟောင်ကောင်၏ အထူးရပ်တည်မှုအဆုံးသတ်ရန် ပြီးခဲ့သောလက သမ္မတထရန့်၏ အမိန့် အတိုင်း ချမှတ်ခဲ့ခြင်းဖြစ်သည်။
တင်းကြပ်သော လုံခြုံရေးဥပဒေကို လိုက်နာရန်အတွက် ထရန့်ကဟောင်ကောင်၏ စီးပွားရေးကို ဦးစားပေးဆက်ဆံမှုအဆုံးသတ်ရမည်ဖြစ်ကြောင်း‌ ပြောကြားခဲ့ပြီး ၎င်းမှ စီမံခန့်ခွဲရေးဆိုင်ရာအမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။
တရုတ်နိုင်ငံမှ ခွဲထွက်ခြင်း၊ တရုတ်နိုင်ငံအပေါ် သစ္စာဖောက်ခြင်း၊ ပြည်ပအဖွဲ့များနှင့် ပူးပေါင်းလိမ်လည်လှည့်ဖြားခြင်း သို့မဟုတ် အကြမ်းဖက်ခြင်းတို့ ပြုလုပ်မည်ဟုယူဆလျှင် ၎င်းနိုင်ငံတော်လုံခြုံရေးဥပဒေအရ ပြစ်ဒဏ်ချမှတ်နိုင်ပြီး အဆိုပါဥပဒေသည် ယခင်ဗြိတိသျှကိုလိုနီစနစ်ကို လက်ကိုင် ပြုထားသည့် တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုဖြစ်သည်ဟု အနောက်နိုင်ငံများက ေ၀ဖန်ပြောဆိုခဲ့ကြပါသည်။
ပြီးခဲ့သောနှစ်က အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများ ဖြစ်ပွား ပြီးနောက် တရုတ်နိုင်ငံနှင့် ဟောင်ကောင်သည် အမိန့်အာဏာတည်တံ့ခိုင်မြဲရေးနှင့် ကြွယ်ဝ ချမ်းသာမှုများကို မူလအခြေအနေအတိုင်း ထိန်းသိမ်းထားရန်အတွက် အဆိုပါ ဥပဒေကို ကာကွယ်စောင့်ရှောက်ခဲ့ပါသည်။
တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်သော ပြောဆိုချက်များ၊ မွတ်စလင် အူဂါ လူနည်းစုများအား အရေးယူမှုများ၊ ကုန်သွယ်မှုဆိုင်ရာ မတူကွဲပြားမှုစသည်တို့ကြောင့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြားတွင် တင်းမာသောဆက်ဆံရေးများရှိနေခဲ့ပြီး ယခု ဟောင်ကောင်ကိစ္စသည်လည်း ၎င်းတို့ကြားတင်းမာမှုများကို ထပ်မံဖြစ်စေသည့် အကြောင်း အရာတစ်ခုဖြစ်လာပါသည်။
>>zawgyi<<
ဟောင်ကောင်အနေဖြင့် အမေရိကန်နိုင်ငံနှင့် တရားဝင်ပူးပေါင်းဆောင်ရွက်မှုအချို့ကို ရပ်ဆိုင်းလိမ့်မည်ဟု တရုတ်နိုင်ငံမှ ပြောကြား
Friday, August 21, 2020
ဟောင်ကောင်သည် အမေရိကန်နှင့် နှစ်နိုင်ငံအပြန်အလှန်အထောက်အကူ ပြုစေမည့် သဘောတူညီမှုများကို ရပ်ဆိုင်းလိမ့်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးမှ ပြီးခဲ့သော ကြာသပတေးနေ့က ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံမှ သတ်မှတ်ထားသည့် နိုင်ငံတော်လုံခြုံရေးဥပဒေကို ထိခိုက်စေသည့် အတွက် အမေရိကန်နိုင်ငံသည် တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့ ပြုလုပ်မည့် နှစ်ဦးသဘောတူညီချက် ၃ ခုကို ဖျက်သိမ်းကြောင်း ဟောင်ကောင်အား အကြောင်းကြား ခဲ့သည်။
“တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံအား ၎င်း၏အမှားကို ချက်ချင်းပြင်ဆင်သင့် ကြောင်း” တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် Zhao Lijian မှ တရားဝင်အထောက်အကူပြုရေးဆိုင်ရာ သဘောတူညီမှုများကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့သည့် ပြီးခဲ့သော ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။
အဆိုပါသဘောတူညီချက်သည် ဗြိတိန်နိုင်ငံမှ ဟောင်ကောင်ကို တရုတ်နိုင်ငံထံ ပြန်လည်မပေးအပ်မီ ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေထိုးခဲ့ပြီး ၎င်းသဘောတူညီချက်တွင် အမေရိကန်နှင့်ဟောင်ကောင်အစိုးရသည် ထိန်းသိမ်းစောင့်ရှောက်ခံထားရသူများအား ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း၊ ရာဇဝတ်မှုကျူးလွန်သူများကို ဖမ်းဆီးပေးခြင်း အစရှိသည့် ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်များတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကူညီရန်သတ်မှတ်ပြဋ္ဌာန်း ခဲ့ပါသည်။
အစောပိုင်းကာလတွင် ပြုလုပ်ခဲ့သော သဘောတူညီမှု ၃ ခု ဖြစ်သည့် “ ထွက်ပြေး တိမ်းရှောင်နေသော ဥပဒေချိုးဖောက်သူများကို အပ်နှံရန်၊ ပြစ်ဒဏ်ချမှတ်ခံရသောသူများကို လွှဲပြောင်းပေးရန်နှင့် နိုင်ငံတကာသင်္ဘောများမှရရှိသော ဝင်ငွေများအပေါ် အပြန်အလှန် အခွန်ကင်းလွတ်ခွင့်ပေးရန်” စသည်တို့ကို ရပ်ဆိုင်းခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။
တရုတ် နိုင်ငံအား ပြစ်ဒဏ်ပေးရန်အတွက် အမေရိကန်နိုင်ငံ၏ ဥပဒေအောက်တွင် တည်ရှိနေသော ဟောင်ကောင်၏ အထူးရပ်တည်မှုအဆုံးသတ်ရန် ပြီးခဲ့သောလက သမ္မတထရန့်၏ အမိန့် အတိုင်း ချမှတ်ခဲ့ခြင်းဖြစ်သည်။
တင်းကြပ်သော လုံခြုံရေးဥပဒေကို လိုက်နာရန်အတွက် ထရန့်ကဟောင်ကောင်၏ စီးပွားရေးကို ဦးစားပေးဆက်ဆံမှုအဆုံးသတ်ရမည်ဖြစ်ကြောင်း‌ ပြောကြားခဲ့ပြီး ၎င်းမှ စီမံခန့်ခွဲရေးဆိုင်ရာအမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။
တရုတ်နိုင်ငံမှ ခွဲထွက်ခြင်း၊ တရုတ်နိုင်ငံအပေါ် သစ္စာဖောက်ခြင်း၊ ပြည်ပအဖွဲ့များနှင့် ပူးပေါင်းလိမ်လည်လှည့်ဖြားခြင်း သို့မဟုတ် အကြမ်းဖက်ခြင်းတို့ ပြုလုပ်မည်ဟုယူဆလျှင် ၎င်းနိုင်ငံတော်လုံခြုံရေးဥပဒေအရ ပြစ်ဒဏ်ချမှတ်နိုင်ပြီး အဆိုပါဥပဒေသည် ယခင်ဗြိတိသျှကိုလိုနီစနစ်ကို လက်ကိုင် ပြုထားသည့် တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုဖြစ်သည်ဟု အနောက်နိုင်ငံများက ဝေဖန်ပြောဆိုခဲ့ကြပါသည်။
ပြီးခဲ့သောနှစ်က အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများ ဖြစ်ပွား ပြီးနောက် တရုတ်နိုင်ငံနှင့် ဟောင်ကောင်သည် အမိန့်အာဏာတည်တံ့ခိုင်မြဲရေးနှင့် ကြွယ်ဝ ချမ်းသာမှုများကို မူလအခြေအနေအတိုင်း ထိန်းသိမ်းထားရန်အတွက် အဆိုပါ ဥပဒေကို ကာကွယ်စောင့်ရှောက်ခဲ့ပါသည်။
တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်သော ပြောဆိုချက်များ၊ မွတ်စလင် အူဂါ လူနည်းစုများအား အရေးယူမှုများ၊ ကုန်သွယ်မှုဆိုင်ရာ မတူကွဲပြားမှုစသည်တို့ကြောင့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြားတွင် တင်းမာသောဆက်ဆံရေးများရှိနေခဲ့ပြီး ယခု ဟောင်ကောင်ကိစ္စသည်လည်း ၎င်းတို့ကြားတင်းမာမှုများကို ထပ်မံဖြစ်စေသည့် အကြောင်း အရာတစ်ခုဖြစ်လာပါသည်။

0 comments:

Post a Comment