Saturday, August 8, 2020

ဦးရွှေမန်း ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ဥက္ကဋ္ဌဦးရွှေမန်းအနေဖြင့် လာမည့် ၂၀၂၀ နိုဝင် ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း သတင်းရရှိပါသည်။

သူရဦးရွှေမန်းဟာ ဒီကနေ့ သြဂုတ်လ ၈ရက်မှာ အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဲဒီမှာ သူဝင်မပြိုင်တဲ့အကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းဟာ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲမှာတော့ နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က အနိုင်ရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပဲခူးတိုင်း၊ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က ဝင်ပြိုင်ခဲ့ပေမဲ့ NLD ပါတီကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာတော့ UBP ပါတီကို မြိုနယ် ၂၆၁ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

0 comments:

Post a Comment