Wednesday, August 5, 2020

တောင်ကြီးမြို့တွင် သိန်းတစ်သောင်းတန်ဖိုးရှိ ရွှေထည်များ ခိုးယူခံရ

တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ နယ်မြေ (၃)ရှိ နေအိမ်တွင် ငွေကျပ် သိန်းတစ်သောင်းကျော် တန်ဖိုးရှိ ရွှေထည်များကို သြဂုတ်လ ၃ ရက်က ခိုးယူခံရကြောင်း သိရသည်။
" အမှုဖွင့်ထားပါတယ်။ တရားခံကိုတော့ မမိသေးဘူး။ ဒါပေမယ့် မသင်္ကာတဲ့ သူတွေကိုတော့ စစ်ဆေးနေပါတယ်" ဟု တောင်ကြီးမြို့မ ရဲစခန်းမှူး ဒုရဲမှူး ထက်နိုင်ဟန်းက ပြောသည်။
သြဂုတ်လ ၃ ရက် (ဝါဆိုလပြည့်နေ့) တွင် ၎င်းနေအိမ်မှ ပိုင်ရှင် ဦးသန်းအောင်နှင့် မိသားစုဝင်များသည် ရပ်တော်မူကျောင်းသို့ သွားရောက်ပြီး ပြန်လာရာတွင် အိမ်နောက်ဖေး တံခါးများ ပျက်ဆီးနေခြင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အိမ်ထဲတွင် စစ်ဆေးခဲ့ရာ အိပ်ခန်းအတွင်းရှိ သံသေတ္တာထဲမှာ ထည့်ထားတဲ့ ၁ ကျပ်သားခန့်ရှိ စိန်ဆွဲသီး ၁ ခု (တန်ဖိုး ကျပ် ၂၅ သိန်း ခန့်)၊ ၁ မတ်သားခန့်ရှိ ရွှေနားကပ် ၁ ရန် (တန်ဖိုး ကျပ် သိန်း၂၀ ခန့်)၊ ၁ မတ်သား ခန့်ရှိ စိန်နားကပ် ၁ ရန် (တန်ဖိုး ကျပ် ၅ သိန်းခန့်)၊ ၅ မူးသား ခန့်ရှိ ရွှေနားကပ် ၁ ရန် (တန်ဖိုး ကျပ် ၁ သိန်းခွဲခန့်)၊ ၅ မူးသား ခန့်ရှိ ရွှေလက်စွပ် ၁ ကွင်း (တန်ဖိုး ကျပ် ၁ သိန်းခွဲခန့်)၊ စိန်၊ ပတ္တမြား၊ နီလာ အရောင်မျိုးစုံ အလုံး ၂၀၀ ကျော် ( တန်ဖိုးငွေ ကျပ် သိန်း ၁၀၀၀၀ ခန့်)၊ လက်ကိုင်ဖုန်း ၂ လုံး (တန်ဖိုး ကျပ် ၄ သိန်းခန့်)၊ စုစုပေါင်း တန်ဖိုးငွေ ကျပ် သိန်း ၁ သောင်းကျော် (ကျပ် ၁၀၃၅၇ သိန်း) ခန့် ပျောက်ဆုံးနေခြင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
တောင်ကြီးမြို့မ ရဲစခန်းတွင် (ပ)၅၃၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ - ၃၈၀ ဖြင့် အမှု ဖွင့်လှစ်ထားပြီး ခိုးယူသွားသော တရားခံအား ဖမ်းဆီးရမိနိုင်ရန် ဆောင်ရွက်နေလျက်ရှိကြောင်း တောင်ကြီးမြို့မရဲစခန်းမှ သိရသည်။
Ref ; MeKong News

0 comments:

Post a Comment