Monday, August 17, 2020

ငဖဲမြို့နယ်နှင့် ပဒါန်းမြို့နယ် တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန်းချောင်းရေ မြင့်တက်ကာ အောက်စက်တော်ရာသို့ ကူးသည့် အထူးတံတား ရေသို့မျောပါနိုင်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်နှင့် ပဒါန်းမြို့နယ် တို့တွင် မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ၎င်းမြို့နယ်များတွင် ချောင်းဖျားခံကာ စီးဆင်းလာသော ပဇီချောင်းနှင့် ပန်းထိမ်ချောင်း တို့သည် မန်းဆုံကျေးရွာအနီးတွင် မန်းချောင်းနှင့် ပေါင်းဆုံ၍ ရေစီးအား ကောင်းလာကာ အောက်စက်တော်ရာသို့ ကူးသည့် အထူးတံတားအထိ ရေများတက်လာပြီး မိုးများဆက်လက် ရွာသွန်းနေပါက တံတားရေသို့ မျောပါသွားနိုင်ကြောင်း ဘုရားကျေးရွာရှိ ဦးသန်းထွန်းထံမှ သိရသည်။
" မန်းရွှေစက်တော် ဘုရားမှာရှိတဲ့ အောက်စက်တော်ရာ ကူးတဲ့ အထူးတံတားဟာ မင်းဘူးမြို့ ရွှေရောင်မြေ မိသားစုက ၂၀၁၉-၂၀၂၀ ပွဲတော်ကာလမှာ ဆောက်လုပ်လှူဒါန်းပြီး အကျယ် ပေ ၂၀ ၊ အရှည်ပေ ၆၀ရှိပြီး ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော် ရှိပါတယ်။ အခုလက်ရှိ တံတားအောက် ရေအနက်က ၇ ပေ နဲ့ ရေပြင်အကျယ် ပေ ၂၀၀ လောက်ရှိပါတယ်။ သံယက်မတွေနဲ့ ဘုတ်စုတ်ထားပေမဲ့ အပေါ်ဘက် လျှောက်လမ်းအခင်းတွေက ရိုးရိုးသံတွေနဲ့ပဲ ရိုက်ထားတဲ့အတွက် အလွယ်တကူ ကျွတ်ထွက် မျောပါသွားနိုင်ပါတယ်။ မိုးဆက်ရွာနေပြီး ရေစီးအားအရှိန်နဲ့ တံတားမျောပါသွားရင် ဘုရားကြီးနဲ့ အလှူရှင်မိသားစုတွေအတွက် စိတ်မကောင်း ဖြစ်ကြရမှာပါ။ ရေတက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အလှူရှင်မိသားစုကိုလည်း ရွှေစက်တော်ဂေါပကအဖွဲ့က အသိပေးထားပြီး ဖြစ်ပါတယ် '' ဟု ဘုရားကျေးရွာ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောသည်။
Ref ; Myanmaalinn / ဇေယျာထက် ( မင်းဘူး )

0 comments:

Post a Comment