Monday, August 24, 2020

ရွေးကောက်ပွဲအသစ်မပြုလုပ်ရန် သဘောတူညီမှုကို အစ္စရေးနိုင်ငံဝန်ကြီးချုပ်မှလက်ခံခဲ့

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဘတ်ဂျက်နောက်ဆုံးသတ်မှတ် ရက်ကို ရွှေ့ဆိုင်းရန်နှင့် နှစ်နှစ်မတိုင်းမီ လေးကြိမ်မြောက်ကျင်းပမည့် ရွေးကောက်ပွဲ ကို တားဆီးရန်သဘောတူကြောင်း ပြီးခဲ့သောတနင်္ဂနွေနေ့တွင် ကြေညာခဲ့ပါသည်။
“ယခုကာလသည် ရွေးကောက်ပွဲအတွက်မဟုတ်ဘဲ စည်းလုံးရန်အချိန်ဖြစ် ကြောင်း” ၎င်းမှ ရုပ်သံသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
၎င်းသည် နိုင်ငံတော်ဘက်ဂျက်ကို ရက် ၁၀၀ အတွင်း အတည်ပြုပေးရန် ဉပဒေ ကြမ်းအား ထောက်ခံပေးရလိမ့်မည်ဟု Netanyahu မှပြောကြားခဲ့ပါသည်။ “အဆိုပါ အပေးအယူပြုလုပ်သည့် သဘောတူညီမှုသည်လက်ရှိအချိန်တွင် အစ္စရေး နိုင်ငံစီးပွားအတွက် မှန်ကန်သောဆုံးဖြတ်မှုဖြစ်ကြောင်း ” ၎င်းမှ ပြောကြားခဲ့ပါသည်။
COVID-19 ကပ်ရောဂါကြောင့် Netanyahu ၏ Likud party နှင့် Benny Gantz, ဦးဆောင်သော centrist Blue and White party သည် အစိုးရဖွဲ့စည်းရန်အတွက် အာဏာမျှဝေအသုံပြုမှုဆိုင်ရာသဘောတူညီမှုကို ဧပြီလတွင် ပြုလုပ်ခဲ့ပါသည်။
အစ္စရေးနိုင်ငံ၏ဉပဒေအရ အစိုးရသည် ၎င်းအစိုးရအာဏာရပြီး ရက် ၉၀ အ တွင်း နိုင်ငံတော်ဘက်ဂျက်ကို အတည်မပြုပေးပါက ပါလီမန်သည်အလိုအလျောက် ဖျက်သိမ်းမည်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၄ ရက် ၊ တနင်္လာနေ့ ညတွင် သတ်မှတ် ရက် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
အစောပိုင်းကာလတွင် Blue and White party သည် Netanyahu ၏ ကြိုးကိုင် ချယ်လှယ်မှုများအကြောင်းစွပ်စွဲပြောဆို၍ လူထုရှေ့တွင် အရှက်သိက္ခာရစေခဲ့ပါသည်။
“ မိမိတို့သည် ဝန်ကြီးချုပ်နှင့် သဘောထားချင်းကိုက်ညီပြီး မိမိ၏တစ်ကိုယ်ရည် တစ်ကာရကောင်းမွန်မှုထက် နိုင်ငံ၏ကောင်းရာကောင်းကြောင်း ပို၍မြင်တွေ့လို ကြောင်း” ၎င်းပါတီမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။
ယခုဉပဒေကြမ်းအရ ဘတ်ဂျက်ဆိုင်ရာသဘောတူညီမှုရရှိရန် ရက်ပေါင်း ၁၀၀ ကျော် အာဏာခွဲဝေဆောင်ရွက်သွားမည်ဖြစ်သည်။
Netanyahu သည် လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ လိမ်လည်ခြင်းနှင့် ယုံကြည် မှုချိုးဖောက်ခြင်းစသည့် မတူကွဲပြားသည့်ပြစ်မှုသုံးခုဖြင့် တရားရင်ဆိုင်နေရပြီး ၎င်း သည် မည်သည့်အမှားမျိုးကိုမျှ ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပါသည်။
တရားစီရင်မှုသည် ဇွန်လတွင် စတင်ခဲ့ပြီး ၎င်းအားနှုတ်ထွက်ရန် နိုင်ငံတစ်ဝှမ်းရှိ လူထောင်ပေါင်းများစွား ဆန္ဒပြခဲ့သော်လည်း ၎င်းအနေဖြင့် ရာထူးမှအနားယူရန် ငြင်း ဆိုခဲ့သည်။
အစ္စရေးနိုင်ငံတွင် ပြီးခဲ့သောသောကြာနေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၀,၀၀၀ ကျော်ရှိနေပြီးဖြစ်ပါသည်။
>>zawgyi<<

0 comments:

Post a Comment