Monday, August 24, 2020

မိုးမောက်မြို့နယ်၊ စိန်လုံစစ်ဆေးရေးဂိတ်၌ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၅ ဦး ဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းထုတ်ပြန်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့က ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် လွယ်ဂျယ်မြို့ဘက်မှ မိုးမောက်မြို့ဘက်သို့ ဖိုးလပြည့်(ဘ)ဦးလွင်ဦး မောင်းနှင်လာသည့် Crown အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 2D/------- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၄ ဦး နှင့် အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါမော်တော်ယာဉ်နှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေအရဆောင်ရွက်နိုင်ရေး မိုးမောက်မြို့နယ် ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment