Tuesday, August 18, 2020

အိန္ဒိယပိုင် အက်ဒမန်နှင့် နီကိုဘားကျွန်းတို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများနဲ့ သေဆုံးမှုများရှိနေ

အိန္ဒိယနိုင်ငံပိုင် ဘင်္ဂလားပင်လယ်အော်ရှိအက်ဒမန်နှင့် နီကိုဘားကျွန်းတို့တွင်လည်း သေဆုံးမှုများရှိနေပြီး တနင်္လာနေ့တွင် ကူးစက်ခံရသူ ၉၃ ယောက်ထပ်တိုးသည်ဟု ပို့တ်ဘလဲ ယားအာဏာပိုင်များက ပြောသည်။
အိန္ဒိယ လေတပ်နှင့် ရေတပ်အခြေစိုက်စခန်းရှိပြီး လူ ၁ သိန်းကျော်နေထိုင်သည့် တောင်နီကိုဘားခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသူ ၂၃၉၉ ယောက်၊ သေဆုံးသူ ၂၈ ယောက်ရှိခဲ့ပြီး ရောဂါကင်းစင်သူ ၁၂၂၆ ယောက်ရှိနေသည်။
အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂.၆ သန်းကျော် ရှိနေပြီး သေဆုံးသူ ၅၀၉၂၁ ယောက်ရှိနေသည်။ နိုင်ငံတကာတွင် အမေရိကန်၊ ဘရာဇီးနှင့် မက္ကဆီကိုတို့နောက် စတုတ္ထမြောက်သေဆုံးမှုအများဆုံးနိုင်ငံဖြစ်နေသည်။
အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း၏ ၄ ပုံ ၁ ပုံသည် ပြီးခဲ့သည့် ၁၇ ရက် အတွင်း သေဆုံးခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။
crd-PeopleMedia #Myanmar_Online_News
>>zawgyi<<
အိန္ဒိယပိုင် အက်ဒမန်နှင့် နီကိုဘားကျွန်းတို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများနဲ့ သေဆုံးမှုများရှိနေ
Tuesday, August 18, 2020
အိန္ဒိယနိုင်ငံပိုင် ဘင်္ဂလားပင်လယ်အော်ရှိအက်ဒမန်နှင့် နီကိုဘားကျွန်းတို့တွင်လည်း သေဆုံးမှုများရှိနေပြီး တနင်္လာနေ့တွင် ကူးစက်ခံရသူ ၉၃ ယောက်ထပ်တိုးသည်ဟု ပို့တ်ဘလဲ ယားအာဏာပိုင်များက ပြောသည်။
အိန္ဒိယ လေတပ်နှင့် ရေတပ်အခြေစိုက်စခန်းရှိပြီး လူ ၁ သိန်းကျော်နေထိုင်သည့် တောင်နီကိုဘားခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသူ ၂၃၉၉ ယောက်၊ သေဆုံးသူ ၂၈ ယောက်ရှိခဲ့ပြီး ရောဂါကင်းစင်သူ ၁၂၂၆ ယောက်ရှိနေသည်။
အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂.၆ သန်းကျော် ရှိနေပြီး သေဆုံးသူ ၅၀၉၂၁ ယောက်ရှိနေသည်။ နိုင်ငံတကာတွင် အမေရိကန်၊ ဘရာဇီးနှင့် မက္ကဆီကိုတို့နောက် စတုတ္ထမြောက်သေဆုံးမှုအများဆုံးနိုင်ငံဖြစ်နေသည်။
အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း၏ ၄ ပုံ ၁ ပုံသည် ပြီးခဲ့သည့် ၁၇ ရက် အတွင်း သေဆုံး ခြင်း ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။
crd-PeopleMedia #Myanmar_Online_News

0 comments:

Post a Comment