Saturday, August 8, 2020

မန္တလေး လူငယ်သင်တန်းကျောင်းမှ ကလေးနှစ်ဦး ရိုက်ခံရကာ သေဆုံးမှုနှင့်ပတ်သတ်ပြီး လူအခွင့်ရေးကော်မရှင်စစ်ဆေး

မန္တလေး လူငယ်သင်တန်းကျောင်းက ကလေးနှစ်ဦး ရိုက်ခံရကာ သေဆုံးနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံလူ့အ ခွင့်အရေးကော်မရှင်နဲ့ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ သြဂုတ်လ ၇ ရက်နေ့တွင် လာရောက်စစ် ဆေးနေကြောင်း သိရသည် ။
အဆိုပါ လူငယ်သည် လွန်ခဲ့သည့် နှစ်နှစ် ခန့်က မုံရွာမြို့တွင် လူငယ် ၇ ဦး လုယက်မှုနှင့် တရားစွဲခံခဲ့ရကာ ဇူလိုင် ၂၆ ရက်နေ့တွင် မန္တလေး လူငယ်သင်တန်းကျောင်းကို ရောက်ရှိလာခဲ့ခြင်းဖြစ်သည် ။
" လူ့အခွင့်ရေးကော်မရှင်ကဒီနေ့မနက်မှာ စစ်ဆေးမှုတွေလာလုပ်သွားတယ် ၊ သူတို့သိချင်တဲ့ အချက်တွေကို အကုန်ဖြေလိုက်တယ် ဘယ်နေ့ဘယ်ရက် ကဖြစ်တယ် ဆိုတာတွေပေါ့ ဖြစ်စဉ်နဲ့ပတ်သတ်အကုန်ဖြေလိုက်တယ် " ဟု လူငယ်သင်တန်းကျောင်း တာဝန်ခံ ဦးနေအောင်ကျော် ကပြောသည် ။
အဆိုပါ ၇ ဦးထဲတွင် ငါးဦးသည် သင်တန်းကျောင်းကိုရောက်ပြီး ဇူလိုင် ၃၁ ရက်နေ့တွင် ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး ကျောင်းမှလိုက်လံဖမ်းဆီးခဲ့ရာ၌ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ကျောင်းသို့အရောက် ဝိုင်းထိုးခံရကြောင်းသိရသည် ။
ဝိုင်းထိုးခံရမှုကြောင့် ကျောင်းသား ၅ ဦးထဲမှ တစ်ဦးသည် ဇူလိုင်လ ၃၁ ရက်နေ့တွင် သေဆုးခဲ့သည် ။ထို့ပြင် သြဂုတ်လ ၅ ရက်နေ့တွင်လည်း တစ်ဦးထပ်မံသေဆုံးခဲ့ရကာ တစ်ဦးမှာ ဆေးရုံတွင် တက်ရောက်ကုသနေရပြီ ကျန်နှစ်မှာ လူငယ်သင်တန်းကျောင်းတွင် ဆေးကုသမှုခံယူနေရသည် ။
အဆိုပါ သေဆုံးမှုအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် အမှုဖွင့်ထားကြောင်းသိရသည် ။
Ref ; The Fifth Wave News

0 comments:

Post a Comment