Saturday, August 22, 2020

ငပုတောမြို့နယ်အတွင်း တရားမဝင်သစ်များတင်ဆောင်လာသည့် စက်လှေများ ဖမ်းဆီးရမိ

ငဝန်မြစ်ကြောင်းအတွင်း လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် ငဝန်မြစ်ကြောင်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်လာသော ပုသိမ်မြို့နယ်၊ မဲဇလီကျေးရွာနေ ဦးအောင်ဇော်ထူးပိုင်ဆိုင်သည့် ဖိုးလပြည့်အမည်ရှိ စက်လှေအား မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ တရားမဝင် သစ်မျောလုံး ၃၅ဝ (ခန့်မှန်း ၄ တန်ခန့်) နှင့်အတူ အမျိုးသား ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါစက်လှေအားစစ်ဆေးဆောင်ရွက်နေစဉ် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် တောင်ကလေးချောင်းအတွင်းမှ ထွက်ခွာလာသော ငပုတောမြို့နယ်၊ ပိုးလောင်းကျေးရွာနေ ဦးသန်းထွေး ပိုင်ဆိုင်သည့် စက်လှေအား ဆင်စွယ်ကျွန်းအနီးထပ်မံတွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးရာ လှေပေါ်တွင်တရားမဝင်မျောသစ်လုံး ၇၀ (ခန့်မှန်း ၃ တန်ခန့်) နှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်ပြီး နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် ကံချောင်းကျေးရွာအနီး တောင်မှ မြောက်သို့ မောင်းနှင်နေသော ငပုတောမြို့နယ်၊ ဘုရားလှကျေးရွာနေ ဦးဝင်းနိုင် ပိုင်ဆိုင်သည့် ဖိုးလပြည့်အမည်ရှိ စက်လှေအားစစ်ဆေးရာ လှေပေါ်တွင် တရားမဝင် တောသစ်ခွဲသားဆိုဒ်စုံ ၄ တန်ခန့်နှင့်အတူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိ တရားမဝင်သစ်များတင်ဆောင်လာသည့် စက်လှေ ၃ စီး၊ တရားမဝင်သစ် ၁၁ တန်(ကာလတန်ဖိုးခန့်မှန်းငွေကျပ် ၃၁၉၀၀၀၀ ခန့်) နှင့် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁ ဦးတို့အား ငပုတောမြို့နယ်သစ်တောဦးစီးဌာနသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ အပ်နှံသွားမည်ဖြစ်ကြောင်း တပ်မတော်မှ သိရသည်။
>>zawgyi<<
ငပုတောမြို့နယ်အတွင်း တရားမဝင်သစ်များတင်ဆောင်လာသည့် စက်လှေများ ဖမ်းဆီးရမိ
Saturday, August 22, 2020
ငဝန်မြစ်ကြောင်းအတွင်း လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် ငဝန်မြစ်ကြောင်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်လာသော ပုသိမ်မြို့နယ်၊ မဲဇလီကျေးရွာနေ ဦးအောင်ဇော်ထူးပိုင်ဆိုင်သည့် ဖိုးလပြည့်အမည်ရှိ စက်လှေအား မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ တရားမဝင် သစ်မျောလုံး ၃၅ဝ (ခန့်မှန်း ၄ တန်ခန့်) နှင့်အတူ အမျိုးသား ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါစက်လှေအားစစ်ဆေးဆောင်ရွက်နေစဉ် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် တောင်ကလေးချောင်းအတွင်းမှ ထွက်ခွာလာသော ငပုတောမြို့နယ်၊ ပိုးလောင်းကျေးရွာနေ ဦးသန်းထွေး ပိုင်ဆိုင်သည့် စက်လှေအား ဆင်စွယ်ကျွန်းအနီးထပ်မံတွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးရာ လှေပေါ်တွင်တရားမဝင်မျောသစ်လုံး ၇၀ (ခန့်မှန်း ၃ တန်ခန့်) နှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်ပြီး နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် ကံချောင်းကျေးရွာအနီး တောင်မှ မြောက်သို့ မောင်းနှင်နေသော ငပုတောမြို့နယ်၊ ဘုရားလှကျေးရွာနေ ဦးဝင်းနိုင် ပိုင်ဆိုင်သည့် ဖိုးလပြည့်အမည်ရှိ စက်လှေအားစစ်ဆေးရာ လှေပေါ်တွင် တရားမဝင် တောသစ်ခွဲသားဆိုဒ်စုံ ၄ တန်ခန့်နှင့်အတူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိ တရားမဝင်သစ်များတင်ဆောင်လာသည့် စက်လှေ ၃ စီး၊ တရားမဝင်သစ် ၁၁ တန်(ကာလတန်ဖိုးခန့်မှန်းငွေကျပ် ၃၁၉၀၀၀၀ ခန့်) နှင့် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁ ဦးတို့အား ငပုတောမြို့နယ်သစ်တောဦးစီးဌာနသို့ လုပ်ထုံး လုပ်နည်းနှင့်အညီ အပ်နှံသွားမည်ဖြစ်ကြောင်း တပ်မတော်မှ သိရသည်။

0 comments:

Post a Comment