Sunday, August 23, 2020

တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၄၅ဦးအား လားရှိုးမြို့မှ မန္တလေးသို့ အမှတ် ၁၃၂ အစုန်၊မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေး

ယနေ့ ၀၅၀၀ချိန်တွင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် စစ်ကိုင်း၊မကွေး၊ပဲခူးတိုင်း၊မန္တလေး၊ရန်ကုန်တိုင်းဒေသကြီးနှင့် ကချင်၊ကရင်ပြည်နယ်တို့မှ နေရပ်ပြန် ကျား ၂၀ဦး၊မ ၂၅ဦးစုစုပေါင်း ၄၅ဦးတို့အား လားရှိုးမြို့မှ မန္တလေးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ် ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိစေနိုင်ရေးအတွက် မော်တော်ယာဉ်များဖြင့် လားရှိုး မြို့သို့ လွှဲပြောင်းပို့ဆောင်ပေးပြီး လားရှိုးဘူတာမှ မန္တလေးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် သယ်ယူပို့ဆောင်ပေးခြင်းဖြစ်သည်။
Crd : Transcom News #Myanmar_Online_News

0 comments:

Post a Comment