Friday, August 21, 2020

အင်းတော်မြို့နယ်ရှိ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်မြေအောက်စစ်ဆေးရုံကို ပြန်လည်တူးဖော်နေ

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေအသုံးပြုခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်က ဂျပန်မြေအောက် စစ်ဆေးရုံကို ပြန်လည်တူးဖော်လျက်ရှိကြောင်းနှင့် အများပြည်သူလေ့လာနိုင်စေဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။
အဆိုပါဆေးရုံက ဂျပန်တပ်တွေ ဆုတ်ခွာစဉ် စစ်သည်တွေကို ကုသပေးတဲ့ မြေအောက်ဆေးရုံတစ်ခုဖြစ်ပြီး ၂၀၁၈ခုနှစ် နိုဝင်ဘာလကစတင်ကာ တူးဖော်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဒုတိယကမ္ဘာစစ်ကတည်ဆောက်ခဲ့တဲ့ အဆိုပါ ဂျပန်မြေအောက် စစ်ဆေးရုံ တူးဖော်ရာကနေ ရရှိထားတဲ့ ပစ္စည်းတွေကို ပြတိုက်တစ်ခုအနေနဲ့ ပြသထားပြီး ဒေသခံနဲ့ ခရီးသွားတချို့ လာရောက်ကြည့်ရှု့မှုရှိကြောင်းလည်း သိရပါတယ်။ မြေအောက်စစ်ဆေးရုံတူးဖော်ရာကနေ ကျည်၊ သေနတ်၊ ဓား၊ ဆေးရုံသုံးကိရိယာတွေ၊ ဂျပန်စစ်သားတွေ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေ တွေ့ရှိရတယ်လို့သိရပါတယ်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဉီးတင်လတ်နှင့် အဖွဲ့ဟာ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရီးစဉ်များဖွံ့ဖြိုးတိုးတက်ရေးကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး အများပြည်သူလေ့လာနိုင်မယ့် ခရီးစဉ်လမ်းကြောင်းသစ်တွေ ဖော်ထုတ်ဆောင်ရွက်နေကြောင်း သိရပါတယ်။
crd-MyanmaPlatform #Myanmar_Online_News
>>zawgyi<<
အင်းတော်မြို့နယ်ရှိ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်မြေအောက်စစ်ဆေးရုံကို ပြန်လည်တူးဖော်နေ
Friday, August 21, 2020
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေအသုံးပြုခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်က ဂျပန်မြေအောက် စစ်ဆေးရုံကို ပြန်လည်တူးဖော်လျက်ရှိကြောင်းနှင့် အများပြည်သူလေ့လာနိုင်စေဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။
အဆိုပါဆေးရုံက ဂျပန်တပ်တွေ ဆုတ်ခွာစဉ် စစ်သည်တွေကို ကုသပေးတဲ့ မြေအောက်ဆေးရုံတစ်ခုဖြစ်ပြီး ၂၀၁၈ခုနှစ် နိုဝင်ဘာလကစတင်ကာ တူးဖော်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဒုတိယကမ္ဘာစစ်ကတည်ဆောက်ခဲ့တဲ့ အဆိုပါ ဂျပန်မြေအောက် စစ်ဆေးရုံ တူးဖော်ရာကနေ ရရှိထားတဲ့ ပစ္စည်းတွေကို ပြတိုက်တစ်ခုအနေနဲ့ ပြသထားပြီး ဒေသခံနဲ့ ခရီးသွားတချို့ လာရောက်ကြည့်ရှု့မှုရှိကြောင်းလည်း သိရပါတယ်။ မြေအောက်စစ်ဆေးရုံတူးဖော်ရာကနေ ကျည်၊ သေနတ်၊ ဓား၊ ဆေးရုံသုံးကိရိယာတွေ၊ ဂျပန်စစ်သားတွေ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေ တွေ့ရှိရတယ်လို့သိရပါတယ်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်နှင့် အဖွဲ့ဟာ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရီးစဉ်များဖွံ့ဖြိုးတိုးတက်ရေးကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး အများပြည်သူလေ့လာနိုင်မယ့် ခရီးစဉ်လမ်းကြောင်းသစ်တွေ ဖော်ထုတ်ဆောင်ရွက်နေကြောင်း သိရပါတယ်။

crd-MyanmaPlatform #Myanmar_Online_News

0 comments:

Post a Comment