Friday, August 7, 2020

ပုပ်ရဟန်းမင်းကြီးမှ ဗာတီကန်ဘဏ္ဍာရေးဌာနအတွက် ပထမဆုံး အမျိုးသမီး ၆ ဦးကို ခန့်အပ်တာဝန်ပေး

ဗာတီကန် ရဲ့ ငွေကြေးဆိုင်ရာကိစ္စရပ်တွေကို စီမံကြီးကြပ်ဖို့ အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အမျိုးသမီး တာဝန်ခံ ၆ ဦးကို ကြာသပတေးနေ့မှာ အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ဒါဟာ ဗာတီကန်ရဲ့ အဆင့်မြင့်ရာထူးတွေမှာ အမျိုးသမီးတွေ ပထမဆုံး ပါဝင်လာတာ ဖြစ်ပါတယ်။
သူတို့ဟာ ဗာတီကန်စီးပွါးရေးဆိုင်ရာ ၁၅ ဦးပါ ကောင်စီမှာ တာဝန်ထမ်းဆောင် ရမှာ ဖြစ်ပါတယ်။ ဗာတီကန်ရဲ ငွေကြေးဆိုင်ရာနဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေကို နိုင်ငံတကာပါဝင်တဲ့ အဖွဲ့က ကြီးကြပ် နေရာကနေ ၂၀၁၄ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီးက ဒီကောင်စီကို စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အခု အမည်တင်ရွေးချယ်လိုက်သူ ၆ ဦးဟာ ဗြိတိန်၊ စပိန်နဲ့ ဂျာမဏီ နိုင်ငံတွေကဖြစ်ပြီး စီးပွါးရေး လုပ်ငန်းလုပ်ကိုင်သူနဲ့ ဘဏ်လုပ်ငန်းအပြင် ပညာရှင် နဲ့ နိုင်ငံရေးလောကမှာ ကျင်လည်ခဲ့သူတွေ ပါဝင်ပါတယ်။
ဒီကောင်စီဟာ လောလောဆယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွါးရေး ရိုက်ခတ်မှု ဒဏ်ကို ခံနေရတာပါ။
Crd : VOA

0 comments:

Post a Comment