Sunday, August 23, 2020

စစ်တွေဆေးရုံကြီးတွင် ကိုဗစ်လူနာ ၁၂၀ ဦးအထိထားရှိ ကုသနိုင်၊ ဆရာဝန်နှင့် သူနာပြု ၄၀ ကျော် အင်အားဖြည့်တင်း

စစ်တွေမြို့ဆေးရုံကြီးတွင် ပိုးတွေ့လူနာများထားရှိရန် ခုတင်၁၂၀ အထိ ပြင်ဆင်ထားကြောင်း အဆိုပါဆေး ရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောကြားသည်။
လက်ရှိတွင် ဆေးရုံ၌ ကုသမှုခံယူနေသော စစ်တွေမှ ပိုးတွေ့လူနာ ၄၄ ဦး၊ မြောက်ဦးမှတစ်ဦးနှင့် စောင့်ကြည့်လူနာခြောက်ဦးဖြင့် စုစုပေါင်းလူနာ ၅၁ ဦး တက်ရောက်လျက်ရှိသည်ဟု ၎င်းကဆိုသည်။
‘‘ကျွန်တော်တို့ ဆေးရုံမှာ လူနာတစ်ရာကျော်စာအတွက် အဆင်သင့် ပြင်ဆင်ထားပါတယ်။ အကယ်၍ လိုအပ်လာမယ်ဆိုရင်လည်း ဆေးရုံအနီးက သူနာပြုတက္ကသိုလ် အဆောက်အအုံမှာ ခုတင်တစ်ရာစာအ တွက် ချက်ချင်းပြင်ဆင်လို့ ရပါတယ်’’ ဟု ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောသည်။
ထို့အပြင် ပိုးတွေ့လူနာများနှင့် ထိတွေ့သူများထံမှ ဓာတ်ခွဲ နမူနာများအားစစ်ဆေးရန် ပညာရှင်များနှင့် ဓာတ် ခွဲစစ်ဆေးသည့် စက်များ ပြင်ဆင်ထားပြီး ဖြစ်သည့် အတွက် တစ်ရက်လျှင် ဓာတ်ခွဲ နမူနာ ၅၀ ကျော်အထိ စစ်ဆေး နိုင်ပြီဟု ၎င်းက ဆိုသည်။
ပိုးတွေ့လူနာများနှင့် စောင့် ကြည့်လူနာများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရန် စစ်တွေ ဆေးရုံကြီး၌ ဆရာဝန်ဦးရေ ၇၀ ခန့်နှင့် သူနာပြုဦးရေ ၁၅၀ ဝန်း ကျင်ရှိကြောင်း ဒေါက်တာဇော် လွင်က ရှင်းပြသည်။ ထို့အပြင် စေတနာ့ဝန်ထမ်းအဖြစ် လာ ရောက်ကြမည့် ဆရာဝန် ၁၅ ဦး နှင့် သူနာပြု ၃၀ ဦးလည်း သြဂုတ် ၂၃ ရက်တွင် ထပ်မံရောက်မည်ဟု ၎င်းက ထပ်လောင်းပြောကြား သည်။
စစ်တွေအခြေစိုက် ရခိုင်ကို ဗစ်အန္တရာယ်စောင့်ကြည့်ရေးအ ဖွဲ့မှ ကိုဇော်လှိုင်ဝင်းက ‘‘အခုက ဓာတ်ခွဲနမူနာ ယူစစ်တဲ့အခါမှာ ရန်ကုန်ကိုပို့နေရတော့ အချိန် ပေးရတယ်။ ခက်လည်း ခက်ခဲ တယ်။ စစ်တွေမှာသာ ရှိသမျှ ဓာတ်ခွဲနမူနာ အကုန်စစ်နိုင် အောင် စီစဉ်ပေးထားရင် ဒီထက် ပိုပြီး အဆင်ပြေမယ်ထင်တယ်။ များများစစ် နိုင်မှ ပိုးသယ်ဆောင် ထားတဲ့သူတွေရှိရင် တားလိုက် နိုင်မှာ’’ဟု သူ့၏အမြင်ကို ပြော သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ နယ်တွင် သြဂုတ် ၁၆ ရက်မှ ၂၂ ရက်နံနက်အထိ တစ်ပတ်အတွင်း COVID-19 ရောဂါ ဓာတ်ခွဲအ တည်ပြုလူနာ ၄၅ ဦးတွေ့ရှိထား သည်။ ပိုးတွေ့ လူနာများတွင် ပြည်တွင်းကူးစက်ခံရသူများပါ ဝင်သလို အစုအဖွဲ့အလိုက် ကူး စက်ခံရသူများလည်း ပါဝင်သည်။
Ref ; 7Day

0 comments:

Post a Comment