Friday, August 14, 2020

အရပ်ဝတ် ဝတ်ဆင်ထားသော အမည်မသိအမျိုးသား(၄)ဦးမှ ကျောက်တော်မြို့မရဲစခန်းမှူးအား သေနတ်ဖြင့် ပစ်သတ်

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့မရဲစခန်းမှူးဒုရဲမှူးထွန်းနိုင်ဦးနှင့် ဒုရဲအုပ်အောင်မျိုးထွန်းတို့(၂)ဦးသည် ၁၂.၈.၂၀၂၀ ရက် ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရဲစခန်းတွင် တန်းစီပြီးနောက် ကျောက်တော်မြို့မရဲစ ခန်းရှေ့ လမ်းတစ်ဖက်ပေ (၄၀) ခန့်အကွာ အိမ်ဈေးဆိုင်သို့ဈေးဝယ်ရန် သွားရောက်ပြီ းဆိုင်အတွင်းရှိနေစဉ်အရပ်ဝတ်ဖြင့် အမည်မသိအမျိုးသား(၄)ဦးမှ ဆိုင်အတွင်းဝင်ရောက်လာပြီး တစ်ဦးမှဒုရဲမှူးထွန်းနိုင်ဦးကိုလျှပ်တစ်ပြက် အနောက်မှ လည်ပင်းသိုင်းဖက်ချုပ်နှောင်စဉ် ကျန်(၃)ဦးမှ ဒုရဲအုပ်အောင်မျိုးထွန်းအားဝိုင်း ဝန်းချုပ်နှောင်ပြီး ဆိုင်အပြင်ဘက်ရှိ ကားလမ်းပေါ်သို့ ဆွဲခေါ်ရာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တစ်ချိန်ထဲဒုရဲမှူးထွန်းနိုင်ဦးအား ချုပ်နှောင်ထားသူမှ အသင့်ပါလာသော သေနတ်အတို (စီစစ်ဆဲ)ဖြင့် ပစ်ခတ်ရာဒုရဲမှူးထွန်းနိုင်ဦးတွင် ဦးခေါင်းနောက်စေ့ပွင့်ထွက် ဒဏ်ရာ (၁) ချက် ယာဘက်ကျော်ကုန်း ဖောက်ဝင်ဒဏ်ရာ (၁) ချက်ရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်းသိရသည်။
ဒုရဲအုပ်အောင်မျိုးထွန်းမှာ ၎င်းအားချုပ်နှောင်ထားသူ (၃) ဦးဖြင့်လုံးထွေးသတ်ပုတ်ရုန်းကန်ပြီးရဲစခန်းအ တွင်းပြေးဝင်ခဲ့စဉ် အမည်မသိအမျိုးသား(၄)ဦးမှာ အခင်းဖြစ်ဈေးဆိုင်နှင့် ပေ(၅၀)ခန့်အကွာ၌ ၎င်းတို့ ရပ်ထားခဲ့သောဆိုင်ကယ်(၂)စီးဖြင့်မောင်းနှင်ထွက်ပြေးရာ ဒုရဲအုပ်အောင်မျိုးထွန်းနှင့် ကင်းအဖွဲ့မှရဲစခန်းအပြင်သို့ လိုက်လံပြီးသေနတ်ဖြင့်(၁၀)ချက်ခန့်ပစ်ခတ်ဖမ်းဆီးသော်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရသည်။
သေဆုံးသူစခန်းမှူး ဒုရဲမှူးထွန်းနိုင်ဦး၏ရုပ် အလောင်းအားလူမှုကူညီရေးအသင်းယာဉ်ဖြင့်သယ်ဆောင်ပြီးကျောက်တော်မြို့နယ်ပြည်သူဆေးရုံသို့ပို့ဆောင်စစ်ဆေးဆောင်ရွက်လျက်ကာဒုရဲမှုးထွန်းနိုင်ဦးကိုသတ်သွားသူကိုအကြမ်းဖက်အက်ဥပဒေဖြင့်အမှုဖွင့်စုံစမ်းနေကြောင်းသိရသည်။
Source - We Media

0 comments:

Post a Comment