Friday, August 7, 2020

တေးသံရှင် ယုန်လေး ရုပ်ရှင် ရိုက်ကူးခွင့် တစ်နှစ် ပိတ်သိမ်းခံရ

ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်) သီချင်းဖန်တီးခဲ့တဲ့ တေးသံရှင် ယုန်လေး ကို ယနေ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်(CEC) အစည်းအဝေး ဆုံးဖြတ်ချက်အရ ရိုက်ကူးခွင့် တစ်နှစ် ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
သီချင်းနဲ့ ပတ်သက်ပြီး အဆိုတော် ယုန်လေးကတော့ သူ့ရဲ့သီချင်းလေးနဲ့ပတ်သက်ပြီး အားပေးတဲ့သူတွေကြောင့် အားတက်ခဲ့ရသလို ဝေဖန်မှုတွေကိုလည်း အနုပညာမျက်စိလေးနဲ့ပဲမြင်ပေးကြဖို့ အမှားပါသွားခဲ့တာတွေရှိရင်လည်း နားလည်ပေးကြဖို့ ပြောခဲ့ပါသေးတယ်။
လက်ရှိ နိုင်ငံအတွက် စည်းလုံးစေချင်တဲ့ စိတ်တစ်ခုနဲ့သာ ပုံဖော်ခဲ့တာဖြစ်ကြောင်းလည်း အဆိုတော် ယုန်လေး သူ့ရဲ့ ခံစားချက်ကို ရေးသားခဲ့ပါတယ်.....

0 comments:

Post a Comment