Tuesday, August 11, 2020

မူဆယ်မြို့ ၁၀၅ မိုင်တွင် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများ ဖမ်းဆီး ရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် နှစ်နိုင်ငံနယ်စပ်မှ လက်နက်၊ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် တရားမဝင်ပစ္စည်းများဝင်ရောက်မှုမရှိစေရေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်တွင် ၁၀၅ မိုင် ဂိတ်အနီး လားရှိုး၊ မူဆယ်ပြည်‌ ထောင်စုကားလမ်းမကြီးပေါ်၌ ရှောင်တခင် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ ကွတ်ခိုင်မြို့ဘက်သို့ မောင်းနှင်လာသော ယာဉ်မောင်း ဦးယာန်ချုံးလု (ဘ)ဦးရန်ဆူရှင်း နှင့် ဦးကြည်ချစ် (ဘ)ဦးမြင့်ဖူးတို့ မောင်းနှင်လာသည့် X-Trail အမျိုးအစား အနီရောင် မော်တော်ယာဉ်နှင့် Landcruiser အမျိုးအစား‌ အဖြူရောင် မော်တော်ယာဉ် နှစ်စီးအား ရပ်တန့်စစ်ဆေးစဉ် အဆိုပါယာဉ်နှစ်စီးပေါ်၌ တရားမဝင်ခေါ်ဆောင်လာသည့် တရုတ် နိုင်ငံသား ကျား ၉ ဦး၊ မ ၁ ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိတရုတ်နိုင်ငံသားများနှင့် ယာဉ်မောင်းများအား မူဆယ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိ၍ တရားဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment