Monday, August 24, 2020

တရုတ်နိုင်ငံတွင် အဆင့်-၃ အထိ စမ်းသတ်ပြီးသား ကိုဗစ်ကာကွယ်ဆေး အသုံးပြုနေသည်မှာ တလကျော်ပြီဖြစ်

တရုတ်နိုင်ငံမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ နယ်စပ်စစ်ဆေးရေးဝန်ထမ်း စတဲ့ ရောဂါဖြစ်နိုင်ခြေများသူတွေကို ဇူလိုင်လကတည်းက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်ထိုးပေးနေတယ်လို့ ကျန်းမာရေးကော်မရှင် တာဝန်ရှိသူတဦးက တနဂ်နွေနေ့မှာ ပြောပါတယ်။
ဒီကာကွယ်ဆေးကို စတင်အသုံပြုဖို့ ဇူလိုင် ၂၂ ရက်မှာ အတည်ပြုချက် ရရှိတာလို့ ကျန်းမာရေးကော်မရှင် သိပံနှင့်နည်းပညာဌာန ညွှန်ကြားရေးမှူး ဇန်ဇောင်ဝေက အစိုးရရုပ်သံသတင်း CCTV2 နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားသွားတာပါ။ ကာကွယ်ဆေးကို China National Biotechs Group Company က ထုတ်လုပ်တာဖြစ်ပြီး အဆင့်-၃ လက်တွေ့ကုသမှုကို ယူအေအီး(အာရပ်စော်ဘွားများပြည်ထောင်စု)၊ ပီရူး၊ မော်ရိုကိုနဲ့ အာဂျင်တီးနားတို့မှာ လုပ်ဆောင်ခဲ့ပြီးသားလို့ ဆိုပါတယ်။
အကြမ်းဖျင်းအားဖြင့် ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်ရာမှာ တိရစ္ဆန်ကို ကနဦးစမ်းသပ်ပြီးမှ အဆင့်တစ် လူဆယ်ဦးကနေ ငါးဆယ်ထိ စမ်းသပ်ပါတယ်။ အဆင့်နှစ်မှာ လူရာချီစမ်းသပ်ပါတယ်။ အဆင့်သုံး လူထောင်ချီစမ်းသပ်လို့ စိတ်ချရမှ၊ စတဲ့အဆင့်ဆင့်ကို ကျော်လွန်ပါမှ အသုံးပြုဖို့ အတည်ပြုတာ၊ လိုင်စင်ချပေးတာ၊ ထုတ်လုပ်တာ ဆိုတဲ့အဆင့်ကို ရောက်တာပါ။
ရောဂါဖြစ်ပွါးမှု အရေးပေါ်အခြေအနေကြောင့် ကာကွယ်ဆေးကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနက အတည်ပြုလိုက်တာလို့လည်း ကျန်းမာရေးကော်မရှင်ညွှန်မှူးက ပြောပါတယ်။ တရုတ်စစ်တပ်အတွက် ကိုဗစ်ကာကွယ်ဆေး ဒီ့ပြင်တမျိုးကိုတော့ ဇွန်လကတည်းက စတင်အသုံးပြုဖို့ အစိုးရက အတည်ပြုပြီးသားဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံဟာ ကာကွယ်ဆေး အများဆုံးထုတ်လုပ်တဲ့ တိုင်းပြည်ဖြစ်ပြီး နိုင်ငံအနှံ့ရှိ ဆေးဝါးထုတ်လုပ်ရေးကုမ်ပဏီ ၄၀ ကနေ ကာကွယ်ဆေး တစ်ဘီလီယံ (သန်းတထောင်) ထုတ်လုပ်နိုင်စွမ်းရှိပါတယ်လို့ ၂၀၁၈-၂၀၂၂ တရုတ်ကာကွယ်ဆေးအစီရင်ခံစာမှာ ဖော်ပြပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံဟာ ကိုဗစ်ကာကွယ်ဆေးကို လူတွေမှာ စမ်းသပ်အသုံးပြုရာမှာ ထိပ်ဆုံးကဖြစ်ပါတယ်။
>>zawgyi<<
တရုတ်နိုင်ငံတွင် အဆင့်-၃ အထိ စမ်းသတ်ပြီးသား ကိုဗစ်ကာကွယ်ဆေး အသုံးပြုနေသည်မှာ တလကျော်ပြီဖြစ်
Tuesday, August 25, 2020

0 comments:

Post a Comment