Thursday, August 13, 2020

အခြေခံပညာ အလယ်တန်းကျောင်းများ ပြန်ဖွင့်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် ဝန်ကြီး ညွှန်ကြား

အခြေခံပညာအလယ်တန်းအဆင့်ကျောင်းများ ဖွင့်လှစ်ခွင့်ရပါက အဆင်သင့်ဖြစ်စေရန်အတွက် COVID-19 ကာကွယ်ရေး လို အပ်ချက်များ ကြိုတင်ပြင်ဆင်ထားရန် ပညာရေးမှူးရုံးများက သြဂုတ်လပထမပတ်က ညွှန် ကြားထားသည်။
အထက်တန်းအဆင့် ကျောင်းအားလုံး ဖွင့်လှစ်အပြီး ရက်သတ္တပတ် သုံးပတ်အတွင်း အခြေခံပညာအလယ်တန်း အဆင့်ဖွင့်လှစ်ရန် သတ်မှတ်ထား သည့်ကျောင်းများကို Check List ၈၀ ချက်နှင့် ကိုက်ညီမှုရှိ၊ မရှိ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက စစ်ဆေးမည် ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးက ပြောကြားထားသည်။
သင်ကြားမည့်အချိန်ဇယား၊ စာသင်ခုံစာရင်း၊ စာသင်ခန်းအ ရေအတွက်၊ သင်ကြားမည့်ရက်၊ ခြေနင်းအမှိုက်ပုံးများ၊ လက်ဆေး ဘေစင်၊ PPE ဝတ်စုံများ၊ ကိုယ် ပူချိန်တိုင်းကိရိယာ၊ စာသင်ခန်း၊ စာသင်ဆောင်သန့်ရှင်းရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် မြို့နယ်ပညာရေးမှူးရုံးများက အ လယ်တန်း အဆင့်ကျောင်းများကို ညွှန်ကြားထားသည်။
‘‘အလယ်တန်းအဆင့်ကိုလည်း အထက်တန်းကျောင်းတွေ စစ်သလို ကျန်းမာရေးနဲ့အားက စားဝန်ကြီးဌာနက ဦးဆောင်ပြီး စစ်ဆေးမယ်။ အလယ်တန်း ကျောင်းတွေက တချို့ကျောင်း သားနည်းတော့ ကျောင်းဖွံ့ဖြိုးမှု ရန်ပုံငွေရတာလည်းနည်းတော့ သူတို့ ဘာတွေလိုအပ်လဲဆိုတာ ကြည့်ပြီး လိုအပ်တာတွေကို ပြည်ထောင်စုဝန်ကြီး ဆီတင်ပြပြီးတော့ ဆက်ဆောင်ရွက်ဖို့ရှိပါ တယ်’’ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကဆိုသည်။
COVID-19 ရောဂါကာ ကွယ်တားဆီးရေးစီမံ ဆောင်ရွက် မှုဆိုင်ရာ အချက် ၂၄ ချက်၊ စာ သင်ကျောင်းများတွင် COVID- 19 ရောဂါသံသယလက္ခဏာရှိ သူ/ဖျားနာသူ/COVID-19 ရော ဂါပိုးရှိသူအားတွေ့ရှိပါကဆောင်ရွက်ရမည့်လုပ်ငန်းများဆိုင်ရာ အချက်ကိုးချက်၊ COVID-19 ဖြစ်ပွားနေစဉ် ပိုးသတ်သန့်စင်ခြင်း ပြုလုပ်ရန်အတွက်ဆောင် ရွက်ထားရှိမှုဆိုင်ရာ အချက်သုံး ချက်၊ COVID-19 ကူးစက်မှုကာကွယ်တားဆီးနိုင်ရေးအတွက် ဆောင်ရွက်ရမည့်ရေ၊ ပတ်ဝန်း ကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ငန်းဆောင် ရွက်ထားရှိမှုဆိုင်ရာ အချက် ခြောက်ချက်တို့ကို Check List ၈၀ ချက်ဖြင့်စိစစ်မည်ဖြစ်သည်။
အခြေခံပညာကျောင်းများ ပြန်ဖွင့်ရာတွင် အထက်တန်းအ ဆင့်အတန်းများကို ဇူလိုင် ၂၁ ရက်က စတင်ဖွင့်လှစ်နေပြီးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Check List ၈၀ ချက် ပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးကာအဆင့် A ရ ကျောင်းများကိုသာ ဖွင့်ခွင့်ပြုထားသည်။ အထက်တန်းအဆင့် အတန်းများဖွင့်လှစ်ရာတွင် တွေ့ကြုံရသည့် လိုအပ်ချက်၊ အားနည်းချက်များကို အနည်းဆုံးတစ်လကြာ ပြင်ဆင်ပြီးမှသာ အလယ်တန်း၊ မူလတန်းများအားတစ်ဆင့်ချင်းစီ ဆက်လက်ဖွင့်နိုင်ရေး စီမံဆောင်ရွက်ရန် COVID -19 ကာ ကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားထားသည်။
Crd : 7Days

0 comments:

Post a Comment