Sunday, August 9, 2020

အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်းစွာရွာသွန်းတောင်ပြိုမှုဖြစ်ကာ လူ ၂၀ နီးပါးသေဆုံးပြီး ၈၀ ခန့်ပျောက်ဆုံးနေ

အိန္ဒိယနိုင်ငံ အနောက်ဘက် Kerala ပြည်နယ်အတွင်း ပြီးခဲ့တဲ့ သောကြာနေ့က မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် Idukki ခရိုင်ရှိ Munnar မြို့နှင့် Rajamala မြို့နယ် အနီးရှိ Pettimudi တောင်တန်းများမှ မြေပြိုမှုကြီး ဖြစ်ပေါ်မှုကြောင့်ကျေးရွာအိမ်ခြေများကိုဖုံးလွှမ်းသွားပြီး လူ ၂၀ ထက်မနည်းသေဆုံးခဲ့ကြောင်း ၊ လူပေါင်း ၈၀ နီးပါးပျောက်ဆုံးနေကြောင်း The Time Of India သတင်းတစ်ပုဒ်တွင်ရေးသားထားချက်အရ သိရပါသည် ။
ကယ်ဆယ်ရေးလုပ်သားများအဆိုအရ ရပ်ကွက်လေးခုနှင့် ဘုရားရှိခိုးကျောင်းတစ်ခုသည် ရွှံ့နုံးအောက်များတွင် နစ်မြှုပ်ခံရပြီးလူ ၇၅ ဦး ကျော်မှာပိတ်မိနေတယ်လို့ဆိုပါတယ် ။
ဩဂုတ်လ ၈ ရက်နေ့ စနေနေ့ကတော့ အလောင်း ၁၇ လောင်းကိုသာရှာဖွေတွေ့ရှိခဲ့ပြီးကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ နှင့်ကာကွယ်ရေးလုံခြုံရေး ( NDRF ) အဖွဲ့များရောက်ရှိလာကြပြီး အပျက်အစီးများကိုဖယ်ရှားပြီး ပျောက်ဆုံးနေသူများကို ရှာဖွေရန် ဆိုးရွားတဲ့ရာသီဥတုကို ခက်ခက်ခဲခဲအံတုရင်ဆိုင်နေကြရကြောင်း သိရပါသည် ။
crd-SiThu Maung #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment