Thursday, August 13, 2020

တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများအား မူဆယ်မြို့နယ်တွင် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ယမန်နေ့ နေလယ် ၂ နာရီခွဲခန့်တွင် ၁၀၅ မိုင်နယ်စပ်ဂိတ်နှင့် အရှေ့မြောက်ဘက် မီတာ ၆၅၀၀ ခန့်အကွာ မုံးကိုး-လားရှိုးသွားကားလမ်းအနီး၌ ရှောင်တခင်စစ်ဆေးနေစဉ် နမ့်တောင်းဘက်မှ မူဆယ်ဘက်သို့ ဦးရန်ကျားထုံ(ဘ) ဦးရန်ဟုန်ချီ၊ မူဆယ်မြို့နေသူ မောင်းနှင်လာသည့် တိုယိုတာအမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ တရားမဝင် တင်ဆောင်လာသည့် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးအား တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများနှင့် ယာဉ်မောင်းအား မူဆယ်မြို့မရဲစခန်းတွင် တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment