Wednesday, August 26, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြင်ဦးလွင်မြို့ရှိ နယ်မြေခံ တပ်မတော်စက်မှုအင်ဂျင်နီယာသင်တန်းကျောင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှု စစ်ဆေး



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်စက်မှုအင်ဂျင်နီယာသင်တန်းကျောင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စစ်မှုထမ်းဟောင်းအိမ်ရာတည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာကျောင်းသို့ ရောက်ရှိကြရာ သင်တန်းဖွင့်လှစ်ဆောင်ရွက်ပေးနိုင်မှုအခြေအနေများ၊ သင်ထောက်ကူပစ္စည်းများအသုံးပြု၍ လက်တွေ့လေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေများ၊ Integrate Classroomများဖြင့် သင်ကြားပို့ချပေးလျက်ရှိသည့် အခြေအနေများ၊ သင်တန်းသားများကို ၎င်းတို့၏ အရည်အချင်းများအလိုက် ပညာရပ်အုပ်စုများသတ်မှတ်ပြီး အရည်အသွေးမြှင့်တင်ပေးနေမှုများနှင့် အရည်အသွေးပြည့်၀သော နည်းပြများမွေးထုတ်သင်ကြားပေးနိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးမှာကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းဌာနအသီးသီးသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းကျောင်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ပြင်ဦးလွင်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာတည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်က အိမ်ရာဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အိမ်ရာများအား အရည်အသွေးပြည့်မီစွာဆောက်လုပ်သွားရန်၊ အိမ်ရာတွင်နေထိုင်သူများ ကျန်းမာရေး အထောက်အကူပြုရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ရန်နေရာများ စာကြည့်တိုက်၊ ဆေးခန်းနှင့် ဈေးများကိုလည်း ထည့်သွင်းဆောက်လုပ်သွားရန် မှာကြားသည်။
အဆိုပါ ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာတွင် အခြားအဆင့်နေအိမ် ၂ ခန်းတွဲ ၄ ထပ် ၁၀ လုံး(၈၀ ခန်း)ဆောက်လုပ်ပြီးစီးပြီဖြစ်ပြီး စစ်မှုထမ်းဟောင်းများအား နေရာချထားပေးပြီးဖြစ်ကြောင်း၊ အခြားအဆင့်နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၂ လုံး(၄၈ ခန်း) ကိုဆက်လက်ဆောက်လုပ်လျက်ရှိရာ ၉၈ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းနှင့် အရာရှိကြီးနေအိမ်၊ အရာရှိငယ်နေအိမ်နှင့် အခြားအဆင့်နေအိမ်များအား ထပ်မံ၍ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။




0 comments:

Post a Comment