Saturday, August 15, 2020

ဂျပန်က ကန်ဒေါ်လာ ၁၈ သန်းကျော် တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာပစ္စည်းများအား မြန်မာသို့ ထောက်ပံ့

ဂျပန်နိုင်ငံအစိုးရက COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အပံ့စီမံကိန်းအတွက် ဝယ်ယူထားသည့် ဂျပန်ယန်း ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁ သန်းခန့်)တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများကို မြန်မာနိုင်ငံအား ယနေ့တွင် ထောက်ပံ့လိုက်ကြောင်း သိရသည်။
အဆိုပါ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများမှာ ICU Beds၊ Syringe pump နှင့် Suction pump ၁၀စုံစီဖြစ်သည်။
ဂျပန်နိုင်ငံအစိုးရအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် သာ မက မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးနှင့် မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် ကဏ္ဍ အသီးသီးတွင် ပံ့ပိုးကူညီမှုများ ကိုပါ ဆက်လက်၍ အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
crd- Pyi Myanmar #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment